Apple က iPhone SE အသစ်ကို ဖန်တီးနေပြီး ၂၀၂၅ ခုနှစ် အစောပိုင်းမှာ ရောင်းချမယ်လို့ Bloomberg ရဲ့ Mark Gurman က ပြောပါတယ်။ သူက iPad Air မော်ဒယ် အသစ် ၂ လုံးကိုလည်း ရောင်းချမှာ ဖြစ်ပြီး အဆင့်မြှင့်ထားတဲ့ Magic Keyboard ပါလာမယ်လို့ ပြောပါတယ်။

NEW iPhone SE 4 - Get APPLE INTELLIGENCE for $399?

စတုတ္ထမျိုးဆက် iPhone SE ဟာ iPhone 14 ကို အခြေခံ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် Home Button မပါတော့ဘဲ Face ID ပါလာမှာပါ။ အဲဒီဖုန်းမှာ Apple ရဲ့ နောက်ဆုံးထုတ် Chipset ထည့်သွင်းထားနိုင်တဲ့အတွက် Apple Intelligence ပါလာနိုင်ပါတယ်။

2025 iPhone SE with iPhone 14 form factor and Apple Intelligence

Apple ရဲ့ ၂၀၂၅ ခုနှစ်မှာ ရောင်းချမယ့် Device တွေထဲမှာ အဆင့်မြှင့်ထားတဲ့ Mac minis ၊ MacBook Pro နဲ့ M4 Chip ပါတဲ့ iMacs တို့ ပါဝင်နိုင်ပါတယ်။ MacBook Airs ၊ Mac Studio နဲ့ Mac Pro Device အသစ်တွေကိုလည်း ချပြနိုင်ပါတယ်။ Mark Gurman က ၂၀၂၅ ခုနှစ်မှာ iPad Pro အသစ်ကို မတွေ့နိုင်ဘူးလို့ပြောပါတယ်။

Apple က တန်ဖိုးနည်း iPhone SE မှာ Apple Intelligence အမည်ရ AI စွမ်းရည်ကို ထည့်သွင်းပေးမှာကတော့ တော်တော် မိုက်ပါတယ်။ ဈေးနှုန်း သက်သာစွာနဲ့ Apple Intelligence ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena