OPPO A98 5G ရဲ့ သတင်းတွေ ထွက်ပေါ်နေတာ ကြာပြီ ဖြစ်ပြီး အာဏာပိုင် အဖွဲ့အစည်းများစွာထံမှာ မှတ်ပုံတင်ထားပါတယ်။ မကြာခင်က Specs တွေ ပေါက်ကြားလာခဲ့ပြီး အခုတော့ အရည်အသွေးမြင့် ဓါတ်ပုံတွေ ထွက်လာပါတယ်။

ဓါတ်ပုံတွေမှာ OPPO A98 5G ရဲ့ အရောင် ၂ ရောင်ကို တွေ့ရပြီး Dreamy Blue နဲ့ Cool Black တို့ ဖြစ်ပါတယ်။ ကင်မရာ Island ရဲ့ အောက်က အနောက်ဘက် ဒီဇိုင်းက တမူထူးခြားပါတယ်။

မကြာခင်ကထွက်ခဲ့တဲ့ ပေါက်ကြားသတင်းတွေအရ OPPO A98 5G မှာ 6.72 inch HD+ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ မျက်နှာပြင် အမျိုးအစားက LCD ဖြစ်ပါတယ်။ Qualcomm Snapdragon 695 Chip မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

အနောက်ဘက်မှာ 64MP Main, 2MP Macro , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံး တပ်ဆင်ထားမှာပါ။ 67W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာမှာ ဖြစ်ပြီး Android 13 အခြေပြု ColorOS မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန် သတင်းအချက်အလက်ကို မသိရသေးပါဘူး။

Ref : gsmarena