Honor ဟာ Flagship Series ဖုန်းတွေကို နိုဝင်ဘာလ ၂၃ ရက်နေ့မှာ တရားဝင်မိတ်ဆက်တော့မှာဖြစ်ပါတယ်။ အခုမိတ်ဆက်သွားမယ့် Honor Flagship ဖုန်းတွေကတော့ Honor 80 Series လို့ သိရပြီး Honor 80 ၊ Honor 80 Pro နဲ့ Honor 80 Pro+ ဖုန်းတွေပါဝင်မှာဖြစ်ပါတယ်။
နောက်ဆုံးထွက်ရှိလာတဲ့သတင်းတစ်ခုအရတော့ တရုတ်နိုင်ငံတွင်းမှာ နာမည်ကြီးတဲ့ Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Honor 80 Pro+ ဖုန်းမှာပါဝင်လာတဲ့ Specification တွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ဖော်ပြချက်အရ Honor 80 Pro+ ဖုန်းဟာ Camera ပိုင်းမှာ 160MP Camera ကို အဓိကအနေနဲ့ အသုံးပြုထားမှာဖြစ်ပါတယ်။
အစောပိုင်းတုန်းက Honor ဟာ 80 Pro+ ဖုန်းမှာ 200MP Camera Sensor ကို အသုံးပြုလာမယ်ဆိုပြီး သတင်းထွက်ရှိခဲ့ပေမယ့် ကုမ္ပဏီကနေ ဆုံးဖြတ်ချက်ပြောင်းလဲခဲ့ပြီး 160MP Camera Sensor ကိုပဲ ပြောင်းလဲအသုံးပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ 200MP Camera Sensor တွေက Optimization ပိုင်းမှာ အားနည်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။
160MP Back Camera Sensor အပြင် Front Selfie Camera ပိုင်းမှာ Dual 50MP Camera Sensor တွေကို အသုံးပြုလာမှာဖြစ်ပြီး Sony IMX890 Sensor အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Selfie Camera ပိုင်းမှာလည်း တော်တော်လေးကို စွမ်းဆောင်ရည်ကောင်းမွန်ဖွယ်ရှိနေပါတယ်။
Honor 80 Pro+ ဖုန်းဟာ Display ပိုင်းအနေနဲ့ 1.5K Display ကို အသုံးပြုထားမှာဖြစ်ပြီး Battery ပိုင်းမှာလည်း 100W Fast Charging ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာတော့ Qualcomm ရဲ့ Snapdragon 8+ Gen1 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။
Ref – GSM Arena