တရုတ်က နာမည်ကြီး Leakster Digital Chat Station က Honor 80 Pro+ ရဲ့ သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။ သူက အဲဒီ စမတ်ဖုန်းမှာ 1.5K AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်ဟာ ကွေးညွှတ်နိုင်တယ်လို့ ပြောပါတယ်။ ထင်ရတာက ဘေးဘက်တွေဟာ ကွေးညွှတ်မှာ ဖြစ်ပြီး Foldable စမတ်ဖုန်း မဖြစ်နိုင်ပါဘူး။
သူက Honor 80 Pro+ မှာ Qualcomm Snapdragon 8 Gen 1 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM ပါလာမယ်လို့ ပြောပါတယ်။ ကင်မရာ အနေနဲ့ အမိုက်စား 200MP တပ်ဆင်ထားမှာ ဖြစ်ပြီး 100W Charging က အလွန်လျှင်မြန်မှာ ဖြစ်ပါတယ်။
Honor 80 Pro+ ဟာ Honor 80 Series ထဲမှာ စွမ်းဆောင်ရည် အမြင့်မားဆုံး ဖြစ်မှာ သေချာပါတယ်။ အဲဒီ စမတ်ဖုန်းကို MediaTek Dimensity 1080 Chipset ပါတဲ့ Honor 80 ၊ Qualcomm Snapdragon 778G Chipset ပါတဲ့ Honor 80 Pro တို့နဲ့အတူ ကြေညာနိုင်ပါတယ်။
Honor 80 Series ကို ဒီနှစ်အကုန် တရုတ်မှာ ကြေညာနိုင်ပြီး အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင် ထွက်လာနိုင်ပါတယ်။
Ref : gsmarena