အရင်နှစ်က 200MP Samsung ISOCELL HP3 ပင်မ ကင်မရာ ဆန်ဆာ ပါတဲ့ Honor 80 နဲ့ Honor 80 Pro ကို ကြေညာခဲ့ပေမယ့် 200MP Resolutiion ကို အပြည့်အဝ မပံ့ပိုးထားဘဲ 160MP အထိပဲ အမြင့်ဆုံး အသုံးပြုလို့ရပါတယ်။ ဘာ့ကြောင့် ဒီလိုလုပ်ရသလဲ ဆိုတာ မသိပါဘူး။ အခုတော့ နာမည်ကြီး တရုတ်က Leakster Digital Chat Station က နောက်မျိုးဆက် Honor 90 နဲ့ Honor 90 Pro မှာ အဲဒီ အားနည်းချက်ကို ပြင်ဆင်ထားမယ်လို့ ပြောပါတယ်။

Honor 90 and Honor 90 Pro to use 200 MP main camera

Honor 90 နဲ့ Honor 90 Pro မှာ အရင်မျိုးဆက်မှာလို တူညီတဲ့ 200MP ပင်မ ကင်မရာ ဟာ့ဒ်ဝဲကိုပဲ အသုံးပြုထားမှာ ဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ 200MP ကို အပြည့်အဝ အသုံးပြုထားမှာ ဖြစ်တယ်လို့ Digital Chat Station က ပြောပါတယ်။

Honor 90 Pro Rumors, Features, Expected Price and launch date

Honor 90 နဲ့ Honor 90 Pro ကို မေလ ၂၉ ရက်နေ့မှာ တရားဝင် ကြေညာတော့မှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်း ၂ လုံးရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်နေပါတယ်။ Honor 90 Pro မှာ Qualcomm Snapdragon 8+ Gen 1 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 1224p မျက်နှာပြင်ကွေး တပ်ဆင်ထားမယ်လို့သတင်းထွက်နေပါတယ်။ Honor 90 Pro မှာ 90W Fast Charging ထောက်ပံ့ထားမှာ ဖြစ်ပြီး Honor 90 မှာတော့ 66W Fast Charging ပဲပါလာမှာပါ။

Ref : gsmarena