Honor က 90 Lite ကို ကြေညာလိုက်ပြီး Dimensity 6020 Chipset ၊ 8GB RAM နဲ့ 256GB Storage ထည့်သွင်းထားပါတယ်။ ဒါ့အပြင် 5GB Virtual RAM ထည့်သွင်းနိုင်ပါတယ်။

Honor 90 Lite launched with Dimensity 6020 and a 100MP main camera

6.7” FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 100MP , 5MP Ultrawide ကင်မရာတွေ ပါပါတယ်။ 4,500mAh Battery ထည့်ထားပြီး 35W Honor SuperCharger နဲ့ဆိုရင် နာရီဝက်အတွင်း ၅၅ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

Honor 90 Lite launched with Dimensity 6020 and a 100MP main camera

USB-C Port ထည့်သွင်းထားပြီး ဘေးဘက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပါတယ်။ Hi-Res Audio နဲ့ Hi-Res Audio Wireless Certification ရထားပါတယ်။ Cyan Lake , Titanium Silver နဲ့ Midnight Black အရောင် ၃ ရောင် ရွေးချယ်နိုင်ပါတယ်။

Honor 90 Lite ကို ဥရောပ နိုင်ငံများစွာမှာ ရောင်းချပေးလိုက်ပြီး ဗြိတိန်မှာ စတာလင်ပေါင် ၃၀၀ သတ်မှတ်ထားပါတယ်။ ပြင်သစ်နဲ့ ဂျာမနီမှာ ၃၀၀ ယူရို သတ်မှတ်ထားပါတယ်။

Ref: gsmarena