Honor က Earbuds X5s ကို ကြေညာလိုက်ပြီး Active Noise Cancellation က 30dB အထိ ထောက်ပံ့ထားပါတယ်။ ပတ်ဝန်းကျင်က အသံတွေကို ကြားရတဲ့ Transparency Mode ပါလာပြီး Mode ၂ ခုကို ပြောင်းသုံးနိုင်ပါတယ်။

HONOR - YouTube

နားကြပ်ဟာ နားထဲ ထည့်သွင်းနားဆင်ရတဲ့ ဒီဇိုင်း ဖြစ်ပြီး 10mm Driver ထည့်ထားပါတယ်။ ENC Dual Microphone Call Noise Reduction နဲ့ AAC High-definition Codec ပါလာပြီး Dual-mode Bluetooth 5.3 Chip ကို ဆက်သွယ်ရေးအတွက် ထည့်ထားပါတယ်။ IP54 ရေစိုခံစံနှုန်း ထောက်ပံ့ထားပါတယ်။

Honor (@honor) / Twitter

နားကြပ်ကို Honor ဖုန်းနဲ့ လွယ်ကူစွာ ချိတ်ဆက်နိုင်တဲ့ Quick Pairing ပါလာပြီး Honor Smart Space App  ကနေ Touch နဲ့ အသံ Setting တွေကို သတ်မှတ်နိုင်ပါတယ်။ ဘဲဥပုံ Charging Case မှာ USB-C Charging Port ပါပါတယ်။ သီချင်းနားထောင်ရင် ဘက်ထရီ သက်တမ်းက ၉ နာရီခံပြီး Charging Case နဲ့ ပေါင်းလိုက်ရင် ၃၅ နာရီ အသုံးခံပါတယ်။

Honor X5s ကို တရုတ်မှာ ၁၁၉ ယွမ် ( ၁၆ ဒေါ်လာဝန်းကျင်) သတ်မှတ်ထားပြီး Active Noise Cancellation ပါတဲ့ နားကြပ်တွေထဲမှာ ဒီဈေးနဲ့ရဖို့ ရှားပါးပါတယ်။ တရုတ် ပြင်ပမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gizmochina