Honor က တရုတ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက Pad X8 Pro ကို ကြေညာခဲ့ပြီး အခုတော့ အဲဒီ တက်ဘလက်ကို ဥရောပမှာ Honor Pad X9 အမည်နဲ့ချပြလိုက်ပါတယ်။

Honor Pad X9 arrives with an 11.5'' 120Hz display, six speakers and a £180 price tag

တက်ဘလက် ဒီဇိုင်း လှပပြီး Multimedia အတွက် ကောင်းမွန်ပါတယ်။ 11.5” IPS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 2,000×1,200p Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Honor Pad X9 arrives with an 11.5" 120Hz display, six speakers and a £180  price tag - GSMArena.com news

စုစုပေါင်း စပီကာ ၆ လုံးပါလာပြီး ဘယ်၊ ညာနဲ့ အောက်ခြေမှာ ၂ လုံးစီ ဖြစ်ပါတယ်။ အောက်ခြေက စပီကာတွေဟာ Honor Histen နည်းပညာနဲ့ ၃၆၀ ဒီဂရီ အသံထုတ်ပေးနိုင်ပါတယ်။

တက်ဘလက်ကို Snapdragon 685 Chip မောင်းနှင်ထားပြီး Android 13 အခြေပြု MagicOS 7.1 ပါပါတယ်။ Google Kids Space နဲ့ Family Link App တွေ ထည့်ထားတဲ့အတွက် မိဘတွေက ကလေးရဲ့ တက်ဘလက် အသုံးပြုမှုကို ထိန်းချုပ်နိုင်ပါတယ်။ Honor Device တွေအကြားမှာ Notification တွေ မျှဝေတာနဲ့ ဖိုင်တွေကို လျှင်မြန်စွာ ပေးပို့နိုင်တဲ့ Honor Connect ပါပါတယ်။

၆.၉ မီလီမီတာ အထူရှိပြီး ၄၉၅ ဂရမ် အလေးချိန်ရှိပြီး သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ 7,250mAh Battery တပ်ဆင်ထားပြီး 4GB RAM/128GB Storage ကို ၂၅၀ ယူရို သတ်မှတ်ထားပါတယ်။ ဂျာမနီမှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ဗြိတိန်မှာ ဒီလ ၁၉ ရက်နေ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena