Honor က ပါးလွှာ ပေါ့ပါးတဲ့ Magic V2 Foldable ဖုန်းကို တရုတ်မှာ ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး အခုတော့ နောက်လမှာ နိုင်ငံတကာအတွက် ချပြတော့မှာပါ။ Honor က စက်တင်ဘာလ ၁ ရက်နေ့ IFA Berlin မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီး Foldable ဖုန်း ၂ လုံး မိတ်ဆက်မှာပါ။
ကုမ္ပဏီက ကြေညာမယ့် ဖုန်း အမည်တွေကို မပြောသေးဘဲ “Unfold Tomorrow” Tagline ကိုပဲ ဖော်ပြထားပါတယ်။ အဲဒီထဲက တစ်လုံးက Magic V2 ဖြစ်နိုင်ပါတယ်။
Honor မျှဝေထားတဲ့ ပိုစတာမှာ တခြား ဖုန်း တစ်လုံးကို မြင်ရပြီး Honor ဟာ Foldable ၂ လုံးကို ကြေညာနိုင်ပါတယ်။ ကုမ္ပဏီက Flip ဖုန်း ၁ လုံးကို ဖန်တီးနေတဲ့အကြောင်း မကြာခင်က အသိပေးထားပါတယ်။
Honor Magic V2 ဟာ Foldable ဖုန်းတွေထဲမှာ တစ်မူထူးခြားပြီး ခေါက်ချိုးထားရင် အထူက ၉.၉ မီလီမီတာပဲ ရှိပါတယ်။ ဖြန့်ထားရင် အထူက ၄.၇ မီလီမီတာပဲ ရှိပါတယ်။ အလေးချိန်က ၂၃၇ ဂရမ်ပဲ ရှိပြီး ဈေးကွက်ထဲက ပြိုင်ဖက် Foldable ဖုန်းတွေထက် ပိုမို ပေါ့ပါးပါတယ်။
အဲဒီဖုန်းမှာ Snapdragon 8 Gen 2 Chipset ၊ 120Hz AMOLED မျက်နှာပြင်နဲ့ 66W Charging ထောက်ပံ့တဲ့ 5,000mAh Battery တွေ ထည့်သွင်းထားပါတယ်။
Ref : gizmochina