Honor ဟာ အရင်နှစ် အောက်တိုဘာလမှာ ပေါ့ပါး၊ ပါးလွှာတဲ့ Honor X30i ကို ကြေညာခဲ့ပြီး ဈေးနှုန်း ချိုသာကာ အမိုက်စား လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ အခုတော့ Honor က မျိုးဆက်သစ် ဖြစ်တဲ့ X40i ကို ကြေညာဖို့ ပြင်ဆင်နေပါပြီ။

Honor X40i poster

Honor Terminal Co. Ltd ရဲ့ CMO Jiang Hairong က ဝီဘိုမှာ Honor X40i ကို မကြာခင် ကြေညာတော့မှာ ဖြစ်တယ်လို့ ပြောပြီး Teaser ပိုစတာ ၃ ခုကို မျှဝေလိုက်ပါတယ်။ ပိုစတာတွေမှာ အာကာသ Theme ကို တွေ့ရပြီး ၁ ခုမှာ Cosmic Romance လို့ ရေးသားထားပါတယ်။ အဲဒီအတွက် ဖုန်းမှာ အာကာသ ဒီဇိုင်းကို သုံးထားမှာပါ။ အခု ပိုစတာတွေနဲ့ အရင်ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေအရ X40i ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်လိုပဲ လေးထောင့်ကျကျ ဖြစ်နိုင်ပါတယ်။

Honor X40i poster 2

X40i ရဲ့ အနောက်ဘက်မှာ 50MP Main နဲ့ 2MP ကင်မရာ ၂ လုံး ပါလာနိုင်ပြီး ကင်မရာ ဒီဇိုင်းက ထူးခြားကာ စက်ဝိုင်း ၂ ခုဟာ ချိတ်ဆက်နေပါတယ်။ လက်ရှိမှာ အဲဒီဖုန်းအကြောင်း ဒီလောက်ပဲ သိရပါသေးတယ်။

Honor X30i 5G ရဲ့ Specs တွေကို ပြန်လည် လေ့လာကြည့်ရင် Dimensity 810 Chip မောင်းနှင်ထားပြီး ၆.၇ လက်မ LCD 2388x1080p မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 90Hz Refresh Rate ထောက်ပံ့ထားပြီး Screen-to-body Ratio က ၉၃.၆ ရာခိုင်နှုန်း ရှိပါတယ်။ 22.5W Fast Charging ပါတဲ့ 4,000mAh ဘက်ထရီ ပါလာပြီး အနောက်ဘက်မှာ 48MP Main , 2MP Depth နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပါတယ်။

Ref : gizmochina