HTC က စွမ်းရည်နိမ့် Specs နဲ့ ခေတ်ပေါ် ဒီဇိုင်းကို ပေါင်းစပ်ထားတဲ့ Wildfire E5 Plus ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 6.75” 720p+ Display တပ်ဆင်ထားပြီး 90Hz Refresh Rate ပါလာပါတယ်။ IPS LCD Panel ဖြစ်ပါတယ်။
Unisoc T606 Chip ထည့်ထားပြီး 6GB RAM နဲ့ 128GB Storage ပါပါတယ်။ microSD Card Slot နဲ့ Storage ကို တိုးမြှင့်နိုင်ပါတယ်။ Chip မှာ 5G Modem မပါလာပါဘူး။
အနောက်ဘက်မှာ 50MP Main, 2MP Depth နဲ့ အရှေ့ဘက်က အရွယ်သေး Notch မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။
5,000mAh Battery ပါလာပြီး အားသွင်းနှုန်းကို မသိရသေးပါဘူး။ Android 14 OS မောင်းနှင်ထားပါတယ်။
Wildfire E5 Plus ကို ဗီယက်နမ်မှာ မိတ်ဆက်လိုက်တာ ဖြစ်ပြီး ၉၃ ဒေါ်လာပဲ တန်ကြေးရှိပါတယ်။ တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။
Ref : gsmarena