ယနေ့မှာ Huawei စမတ်ဖုန်းတစ်လုံးဟာ မော်ဒယ်နံပါတ် TNN-AN00 နဲ့ TENAA ပေါ်ရောက်လာခဲ့ပြီး Enjoy 20s လို့ ယုံကြည်ရတဲ့ အဆိုပါဖုန်းရဲ့ Specs တွေနဲ့ ပုံရိပ်ပါ မြင်တွေ့ခဲ့ရပါတယ်။
TNN-AN00 ဟာ 6.8” TFT Display နဲ့ဖြစ်ပြီး အပေါ်ဘယ်ဘက်ထောင့်မှာ 16MP ဆဲလ်ဖီးကင်မရာအတွက် Punch-hole တစ်ခု ပါဝင်ပါတယ်။ နောက်ဘက်မှာတော့ 64MP + 8MP + 2MP ကင်မရာသုံးလုံးတွဲကို မြင်ရမှာပါ။
သူ့ရဲ့အတွင်းမှာ 2.0GHz Octa-core ချစ်ပ်ဆက်တစ်ခုကို အသုံးပြုထားပြီး Dimensity 800 ဗားရှင်းတစ်ခုခုလို့ ဆိုပါတယ်။ စက်နှင်စနစ်အဖြစ် Android 10 OS ကိုပဲ အသုံးပြုထားပြီး 4GB, 6GB, 8GB RAM မန်မိုရီသုံးမျိုးနဲ့ လာမှာပါ။ Storage ကလည်း သုံးမျိုးရွေးနိုင်မှာဖြစ်ပြီး 64/128/256 GB တို့ဖြစ်ပါတယ်။
ဒီဖုန်းမှာ Fingerprint Sensor ကို ဘေးဘက်မှာပဲထည့်ထားပြီး Dual-mode 5G ထောက်ပံ့ပေးမှာပါ။ 4,200 mAh ဘက္ထရီပါဝင်ပြီး Black, Green နဲ့ Blue အရောင်သုံးမျိုးနဲ့တွေ့ရပါတယ်။
Huawei ဆီကတော့ Enjoy 20s နဲ့ပတ်သက်ပြီး ဘာမှမကြားရသေးပါဘူး။ ပြီးခဲ့တဲ့အပတ်က Enjoy 20 ရဲ့ ပုံရိပ်အချို့ကိုလည်း တွေ့ခဲ့ရတာမို့ ဒီဖုန်းနှစ်လုံးကို တရုတ်စျေးကွက်မှာ တပြိုင်တည်းမိတ်ဆက်လာနိုင်ခြေရှိပါတယ်။
Ref – GSMArena