Huawei က နိုင်ငံတကာအတွက် MatePad 12 X တက်ဘလက်ကို ကြေညာလိုက်ပြီး အလုပ်လုပ်ဖို့အတွက် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ပေါ့ပါးတဲ့ ဒီဇိုင်း ဖြစ်ပြီး အဆင့်မြင့် Display တပ်ဆင်ထားပါတယ်။

Huawei MatePad 12 X

Huawei MatePad 12 X မှာ 12” PaperMatte Display တပ်ဆင်ထားပြီး 2.8K Resolution (2800x1840p) နဲ့ 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1000 Nits Brightness ပါလာပြီး Screen to body ratio က ၈၈ ရာခိုင်နှုန်း ဖြစ်ပါတယ်။

HarmonyOS 4.2 OS မောင်းနှင်ထားပြီး 8GB or 12GB RAM နဲ့ 256GB or 512GB Storage ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP , 8MP Wide Angle ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားပါတယ်။

66W Fast Charging ထောက်ပံ့ထားတဲ့ 10,100mAh Battery ပါလာပြီး အားအပြည့်သွင်းထားရင် ဗီဒီယို ၁၄ နာရီ ကြည့်နိုင်ပါတယ်။ Green နဲ့ White အရောင်ထုတ်လုပ်ထားပြီး 512GB Storage Version ကို ၅၄၉.၉၉ စတာလင်ပေါင် သတ်မှတ်ထားပါတယ်။

Ref : gizmochina