Huawei က နိုင်ငံတကာအတွက် MatePad Pro 12.2(2024) ကို ကြေညာလိုက်ပါတယ်။ စွမ်းရည်မြင့် တက်ဘလက် ဖြစ်ပြီး ပရော်ဖက်ရှင်နယ်သမားတွေအတွက် ဖန်တီးထားတာ ဖြစ်ပါတယ်။ နည်းပညာမြင့် Display တပ်ဆင်ထားပြီး အလုပ်လုပ်ဖို့အတွက် အလွန် ကောင်းမွန်ပါတယ်။

Huawei MatePad Pro 12.2 (2024)

တက်ဘလက်မှာ 12.2 OLED PaperMatte Display တပ်ဆင်ထားပြီး 2800x1840p Resolution နဲ့ 144Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 2000 Nits Peak Brightness နဲ့ 92% Screen to body ratio ထည့်သွင်းထားပါတယ်။

16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားပြီး 13MP Main ကင်မရာနဲ့ 8MP Wide Angle ကင်မရာကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။

5050mAh Dual-cell Battery ထည့်သွင်းထားပြီး စုစုပေါင်း 10,100mAh ပါပါတယ်။ 100W Huawei SuperCharge ထည့်သွင်းထားပြီး ၅၅ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်ပါတယ်။ အသံအရည်အသွေး ကောင်းမွန်စေတဲ့ စပီကာ ၈ လုံး တပ်ဆင်ထားပါတယ်။

HarmonyOS 4.2 မောင်းနှင်ထားပြီး AI Feature တွေ ထည့်သွင်းထားပါတယ်။ 256GB Storage Version ကို ဗြိတိန်မှာ ၆၉၉.၉၉ စတာလင်ပေါင်နဲ့ 512GB Version ကို ၇၉၉.၉၉ စတာလင်ပေါင် သတ်မှတ်ထားပါတယ်။

Ref : gizmochina