Zawgyi
Huawei ကုမၸဏီဟာ Mate 30 နဲ႔ Mate 30 Pro ဟန္းဆက္ေတြကုိ လာမယ့္ေဆာင္းရာသီထဲက တစ္ခ်ိန္ခ်ိန္မွာ မိတ္ဆက္လာမယ္လို႔ ယူဆရပါတယ္။ ဒီဖုန္းေတြရဲ႕ေနာက္ဘက္မွာ ကင္မရာအတြက္ Mate 20 စီးရီးမွာလိုပဲ ေလးေထာင့္ပုံ Setup ေနရာတစ္ခု ဆက္ပါလာဖို႔ရွိၿပီး အခုထြက္ေပၚလာတဲ့သတင္းအရေတာ့ Mate 30 ရုိးရုိးေမာ္ဒယ္ဟာ 40MP Sensor ႏွစ္ခုထိ ေနာက္ဘက္မွာထည့္လာဖို႔ရွိတယ္လို႔ ဆုိပါတယ္။
I told you a few rumors about Mate 30 pro camera, IMO this is more possible.
40MP 1/1.5" sensor with f/1.6 – f/1.4 aparture, RYYB pixel layout and Cine lens features when taking video.
40MP 1/1.7" 120° ultrawide lens with cine lens features.
8MP tele 5X zoom#HuaweiMate30Pro pic.twitter.com/ac3ODQnqVV— Teme (特米) (@RODENT950) July 31, 2019
Mate 30 ရုိးရုိးဗားရွင္းမွာ 40MP + 40MP + 8MP အတြဲကို ျမင္ေတြ႕ရႏုိင္ေျခရွိေနတာပါ။ အဓိက ကင္မရာကို 40MP သုံးလာမယ့္အျပင္ Ultra Wide Angle ျမင္ကြင္းက်ယ္ကင္မရာအတြက္ကိုလည္း ေနာက္ထပ္ 40MP ကိုပဲ ထပ္သုံးလာမယ္လို႔ ဆုိလာၿပီး ေနာက္ဆုံးတစ္ခုကေတာ့ 8MP Telephoto Lens ျဖစ္ပါတယ္။ ဒါေပမယ့္ သူ႕မွာလည္း P30 Pro မွာပါဝင္ထားတဲ့ Feature တစ္ခုျဖစ္တဲ့ 5x Zoom ပါဝင္လာမွာျဖစ္တယ္။
Huawei Mate 30 ရဲ႕အျခား Specs ေတြထဲမွာ Kirin 985 ခ်စ္ပ္ဆက္ကို 5G Modem နဲ႔ တြဲဖက္ထည့္သြင္းလာမယ္လို႔ သတင္းထြက္ေနပါတယ္။ ဒါ့အျပင္ 55W အားအျမန္သြင္းစနစ္ပါဝင္ရုံသာမကဘဲ 10W ႀကိဳးမဲ့ Reverse Charging စနစ္ကိုပါ ေထာက္ပံ့ေပးဦးမယ္လို႔ ဆုိပါတယ္။
Mate 30 စီးရီးကို ျမင္ရဖို႔ အနည္းငယ္လိုေသးတာေၾကာင့္ ေနာက္ထပ္ ေပၚထြက္လာမယ့္ သတင္းေတြကို ေျဖးေျဖးခ်င္း ေစာင့္ေမွ်ာ္ၾကည့္ရႈရဦးမွာပါ။ ေသခ်ာတာကေတာ့ ၂၀၁၉ ထဲမွာ ဖုန္းေတြဟာ အျမင့္ဆုံး ကင္မရာစြမ္းေဆာင္ရည္ေတြကို ယွဥ္ၿပိဳင္ရာမွာ လစ္မစ္တစ္ခုကို ေရာက္သြားၿပီးေနာက္ 5G လႈိင္းလုံးဘက္ကို ဦးတည္ယွဥ္ၿပိဳင္ၾကဦးမွာပဲ ျဖစ္ပါတယ္။
Ref – GSM Arena
Unicode
Huawei ကုမ္ပဏီဟာ Mate 30 နဲ့ Mate 30 Pro ဟန်းဆက်တွေကို လာမယ့်ဆောင်းရာသီထဲက တစ်ချိန်ချိန်မှာ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။ ဒီဖုန်းတွေရဲ့နောက်ဘက်မှာ ကင်မရာအတွက် Mate 20 စီးရီးမှာလိုပဲ လေးထောင့်ပုံ Setup နေရာတစ်ခု ဆက်ပါလာဖို့ရှိပြီး အခုထွက်ပေါ်လာတဲ့သတင်းအရတော့ Mate 30 ရိုးရိုးမော်ဒယ်ဟာ 40MP Sensor နှစ်ခုထိ နောက်ဘက်မှာထည့်လာဖို့ရှိတယ်လို့ ဆိုပါတယ်။
I told you a few rumors about Mate 30 pro camera, IMO this is more possible.
40MP 1/1.5" sensor with f/1.6 – f/1.4 aparture, RYYB pixel layout and Cine lens features when taking video.
40MP 1/1.7" 120° ultrawide lens with cine lens features.
8MP tele 5X zoom#HuaweiMate30Pro pic.twitter.com/ac3ODQnqVV— Teme (特米) (@RODENT950) July 31, 2019
Mate 30 ရိုးရိုးဗားရှင်းမှာ 40MP + 40MP + 8MP အတွဲကို မြင်တွေ့ရနိုင်ခြေရှိနေတာပါ။ အဓိက ကင်မရာကို 40MP သုံးလာမယ့်အပြင် Ultra Wide Angle မြင်ကွင်းကျယ်ကင်မရာအတွက်ကိုလည်း နောက်ထပ် 40MP ကိုပဲ ထပ်သုံးလာမယ်လို့ ဆိုလာပြီး နောက်ဆုံးတစ်ခုကတော့ 8MP Telephoto Lens ဖြစ်ပါတယ်။ ဒါပေမယ့် သူ့မှာလည်း P30 Pro မှာပါဝင်ထားတဲ့ Feature တစ်ခုဖြစ်တဲ့ 5x Zoom ပါဝင်လာမှာဖြစ်တယ်။
Huawei Mate 30 ရဲ့အခြား Specs တွေထဲမှာ Kirin 985 ချစ်ပ်ဆက်ကို 5G Modem နဲ့ တွဲဖက်ထည့်သွင်းလာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် 55W အားအမြန်သွင်းစနစ်ပါဝင်ရုံသာမကဘဲ 10W ကြိုးမဲ့ Reverse Charging စနစ်ကိုပါ ထောက်ပံ့ပေးဦးမယ်လို့ ဆိုပါတယ်။
Mate 30 စီးရီးကို မြင်ရဖို့ အနည်းငယ်လိုသေးတာကြောင့် နောက်ထပ် ပေါ်ထွက်လာမယ့် သတင်းတွေကို ဖြေးဖြေးချင်း စောင့်မျှော်ကြည့်ရှုရဦးမှာပါ။ သေချာတာကတော့ ၂၀၁၉ ထဲမှာ ဖုန်းတွေဟာ အမြင့်ဆုံး ကင်မရာစွမ်းဆောင်ရည်တွေကို ယှဉ်ပြိုင်ရာမှာ လစ်မစ်တစ်ခုကို ရောက်သွားပြီးနောက် 5G လှိုင်းလုံးဘက်ကို ဦးတည်ယှဉ်ပြိုင်ကြဦးမှာပဲ ဖြစ်ပါတယ်။
Ref – GSM Arena