Huawei က တရုတ်မှာ Watch Buds ကို ကြေညာလိုက်ပြီး ထူးခြားတာက နာရီထဲမှာ နားကြပ်ကို ထည့်သွင်းထားတာပါ။ စမတ်နာရီနဲ့ နားကြပ်ကို ပေါင်းစည်းထားတဲ့ ပထမဆုံး Device လို့ ပြောနိုင်ပါတယ်။

Huawei Watch Buds launched with built-in earphones - Huawei Central

Huawei Watch Buds မှာ သံလိုက် အဖုံး တပ်ဆင်ထားပြီး အဖုံးကို ဖွင့်ကာ နားကြပ်ကို အသုံးပြုနိုင်ပါတယ်။ နားကြပ်ဟာ IP54 ရေစိုခံစံနှုန်း ပါလာပါတယ်။ Huawei Watch Buds ကို Stainless Steel ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အရွယ်အစားက 47mm ဖြစ်ပါတယ်။

Huawei Watch Buds release teased after several leaks - NotebookCheck.net News

၁.၄၇ လက်မ AMOLED မျက်နှာပြင် အဝိုင်း တပ်ဆင်ထားပြီး 466x466p Resolution ရှိပါတယ်။ နားကြပ်ဟာ ပေါ့ပါးပြီး အလေးချိန်က ၄ ဂရမ်ပဲ ရှိပါတယ်။ နားကြပ်မှာ Active Noise Cancellation နဲ့ Transparent Mode ပါပါတယ်။ ဖုန်း ပြောရင် အသံကြည်လင်ပြတ်သားစေတဲ့ AI Noise Reduction ထည့်သွင်းထားပါတယ်။

Huawei Watch Buds မှာ နှလုံးခုန်နှုန်းနဲ့ သွေးတွင်းအောက်ဆီဂျင် ပမာဏကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက် ပါလာပြီး နှလုံးခုန်နှုန်း မမှန်ရင် သတိပေးနိုင်ပါတယ်။ Workout Mode ၈၀ နဲ့ Health Courses ၂၀၀ ကျော် ပါပါတယ်။

Huawei Watch Buds မှာ 410mAh ဘက်ထရီ တပ်ဆင်ထားပြီး ၃ ရက်လောက် အသုံးခံပါတယ်။ နားကြပ် ၁ ခုစီမှာ 30mAh ဘက်ထရီ ထည့်သွင်းထားပြီး ANC ဖွင့်ထားရင် ၄ နာရီ အသုံးခံပါတယ်။ စမတ်နာရီကို ကြိုးမဲ့ အားသွင်းနိုင်ပြီး HarmonyOS 3 မောင်းနှင်ထားပါတယ်။

Huawei Watch Buds ကို ၄၂၉ ဒေါ်လာ သတ်မှတ်ထားပြီး တရုတ်မှာ ရောင်းချပေးနေပြီ ဖြစ်ကာ Black နဲ့ Khaki အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gizmochina