ပေကျင်းမြို့မှာ ကျင်းပမယ့် World Humanoid Robot Games ပြိုင်ပွဲ လေ့ကျင့်ရေးကွင်းမှာ စက်ရုပ်တစ်ရုပ်ဟာ အရှိန်မထိန်းနိုင်ဘဲ အကာအရံကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိခဲ့ပါတယ်။ အဲဒီလို တိုက်မိတဲ့အရှိန်ကြောင့် စက်ရုပ်ဟာ နောက်ပြန်လန်ကျသွားပြီး မီးပွင့်ထွက်ကာ နှစ်ပိုင်းကျိုးသွားခဲ့ပါတယ်။

Humanoid robot crashes into barrier, breaks in half mid-training for China  event Robot Olympics Beijing - India Today

သြဂုတ်လ ၂၂ ရက်နေ့မှာ စတင်မယ့် ပြိုင်ပွဲမတိုင်ခင် စမ်းသပ်ပြေးဆွဲနေချိန်မှာ အခုလို အဖြစ်အပျက်မျိုး ကြုံတွေ့ခဲ့ရတာပါ။ အရင်စမ်းသပ်မှုတွေမှာလည်း စက်ရုပ်တွေ အရှိန်လွန်တတ်တဲ့အတွက် ပွဲကျင်းပသူတွေက လမ်းကြောင်းအဆုံးမှာ အကာအရံတွေ ထားရှိပေးခဲ့ပေမယ့် ဒီလိုပြင်းထန်တဲ့ တိုက်မိမှုကိုတော့ အပြည့်အဝ မကာကွယ်နိုင်ခဲ့ပါဘူး။ ဒီရုပ်သံကို မြင်တွေ့ရတဲ့ လူမှုကွန်ရက်အသုံးပြုသူတွေကတော့ စက်ရုပ်ရဲ့ အဖြစ်ကိုကြည့်ပြီး ရယ်မောစရာ မှတ်ချက်အမျိုးမျိုး ပေးခဲ့ကြပါတယ်။

Humanoid robot smashes into barrier, breaks in half at Robotic Olympic trials in China | Viral

၂၀၂၅ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တဲ့ အဲဒီပြိုင်ပွဲဟာ အခုနှစ်မှာတော့ ပိုမိုကြီးကျယ်ခမ်းနားစွာနဲ့ ပြန်လည်ရောက်ရှိလာတာပါ။ အသင်းပေါင်း ၆၆၆ သင်းက စက်ရုပ်ပေါင်း ၂၀၅၆ ရုပ် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး စက်ရုပ်တွေရဲ့ အမြန်နှုန်း၊ ဟန်ချက်ညီမှု၊ ထိန်းချုပ်နိုင်စွမ်းနဲ့ လှုပ်ရှားမှုတွေကို အကြိတ်အနယ် စမ်းသပ်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

Ref : news18