Mobile Operating System တွေမှာ AI နည်းပညာ ထည့်သွင်းတာဟာ စံနှုန်း ၁ ခု ဖြစ်လာပါပြီ။ Google (Gemini), Samsung (Galaxy AI) နဲ့ Apple (Apple Intelligence) တို့ဟာ AI Assistant တွေကို ဖန်တီးလာကြပါတယ်။ Xiaomi ကတော့ AI နဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေပါတယ်။ ဒါပေမယ့် Xiaomi ဟာ Xiaomi 14 ရဲ့ HyperOS Beta မှာ Notes App မှာ AI Feature တွေကို မိတ်ဆက်ဖို့ ပြင်ဆင်နေပါတယ်။

HyperOS India Devices

ဒါဟာ Xiaomi က သူတို့ရဲ့ Device တွေမှာ AI နည်းပညာကို ထည့်သွင်းပေးဖို့ ကြိုးစားနေတာကို ပြသနေပါတယ်။ Xiaomi 14 မှာ Android 15 ကို စမ်းသပ်နေပြီး HyperOS 2.0 ကို ဖြန့်ချိဖို့နီးလာချိန်မှာ တရုတ်က Developer Version မှာ Xiaomi ရဲ့ AI နည်းပညာကို တွေ့လာရပါတယ်။

နာမည်ကြီး Xiaomi,eu ROM ကို ဖန်တီးထားတဲ့ Developer Kacper Skrzypek က Notes App မှာ AI နဲ့ မှတ်စုတွေကို အကျဉ်းချုပ်ပြသပေးတဲ့ Feature ကို တွေ့လာရပါတယ်။ App မှာ ရေးသားထားတဲ့ စာတွေ၊ Paste လုပ်ထားတဲ့ စာတွေကို အလိုအလျှောက် အကျဉ်းချုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် AI က အွန်လိုင်းမှာ သတင်းအချက်အလက်တွေ ရှာဖွေပြီး မှတ်စုကို ပိုမိုကောင်းအောင် Link တွေနဲ့အတူ ပြုပြင်ပေးနိုင်ပါတယ်။ စာသားတွေကို Paste လုပ်တဲ့အခါမှာလည်း AI က ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပေးနိုင်ပါတယ်။

HyperOS ရဲ့ AI Function ဟာ အင်တာနက် ဆက်သွယ်မှုလိုအပ်ပါတယ်။ On Device မှာ မဟုတ်ဘဲ Remote Servers တွေမှာ အလုပ်လုပ်တာ ဖြစ်ပါတယ်။

Ref : gizchina