AI နည်းပညာ ပါတဲ့ Ai-Da လူတူစက်ရုပ် ရေးဆွဲတဲ့ ပန်းချီကားကို ကမ္ဘာ့ပထမဆုံး အနေနဲ့ နာမည်ကြီး လေလံ ကုမ္ပဏီက ရောင်းချမှာ ဖြစ်ပါတယ်။ လန်ဒန်မှ လေလံ ကုမ္ပဏီ Sotheby က Ai-Da လူတူစက်ရုပ် ရေးဆွဲတဲ့ “AI God” အမည်ရ ၂.၂ မီတာ မြင့်တဲ့ ပန်းချီကားကို အောက်တိုဘာလ ၃၁ ရက်နေ့ ကနေ နိုဝင်ဘာလ ၇ ရက်နေ့အတွင်း လေလံတင် ရောင်းချမှာ ဖြစ်ပါတယ်။

AI artist Ai-Da set to make auction history with portrait | Daily Sabah

အဲဒီပန်းချီကားကို ဒေါ်လာ ၁၃၀,၀၀၀ နဲ့ ၁၉၆,၀၀၀ အကြားမှာ ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပြီး အနုပညာနဲ့ နည်းပညာကို ပေါင်းစပ် အသုံးပြုထားတာ ဖြစ်ပါတယ်။ အဆင့်အမြင့်ဆုံး လူတူစက်ရုပ်တွေထဲက တစ်ခု ဖြစ်တဲ့ Ai-Da မှာ AI Algorithm ကို အသုံးပြုထားပြီး မျက်လုံးမှာ ကင်မရာတွေ တပ်ဆင်ထားပါတယ်။ စက်ရုပ်လက်တံတွေ တပ်ဆင်ထားပြီး အနုပညာလက်ရာတွေကို ဖန်တီးနိုင်ပါတယ်။

Robot artist Ai-Da powered by AI to make history as its portrait of Alan  Turing goes to auction at Sotheby's | Malay Mail

အဲဒီ စက်ရုပ်ကို အောက်စဖို့နဲ့ ဘာမင်ဂမ် တက္ကသိုလ်တွေမှ AI ပညာရှင်တွေနဲ့ Aidan Meller တို့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ အနာဂတ်မှာ AI ရဲ့ စွမ်းအားကို တိုးတက်အောင် တီထွင်ဖို့ ရည်မှန်းထားပါတယ်။ အနုပညာလောကမှာ ဒီပန်းချီကားဟာ AI လူတူစက်ရုပ်က ဖန်တီးတဲ့ ကမ္ဘာ့ ပထမဆုံး အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

AI ဟာ လူသားတွေရဲ့ ဘဝကို များစွာ အကျိုးပြုလာပြီး  နယ်ပယ်မျိုးစုံမှာ အသုံးချလာကြပါတယ်။ အခုတော့ အနုပညာလောကမှာလည်း AI ကို အသုံးပြုလာကြပါတယ်။

Ref : Tech Explorers