တစ်ကမ္ဘာလုံး အင်တာနက် ဆက်သွယ်မှုရဲ့ ၂၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးနေတဲ့ အင်တာနက် ကျောရိုး ထောက်ပံ့သူ Cogent Communications က ယူကရိန်းကို ကျူးကျော်တဲ့အတွက် ရုရှား ကုမ္ပဏီတွေကို ဝန်ဆောင်မှုရပ်နားလိုက်ပါတယ်။ ကုမ္ပဏီက ရုရှားဟာ ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်မှာနဲ့ သတင်းအမှားတွေ ဖြန့်ဝေမှာ စိုးရိမ်တဲ့အတွက် အခုလို ပြုလုပ်တာလို့ ပြောပါတယ်။

Customers in Russia will no longer be able to use the internet service  provider Cogent – Pirate Press

Cogent CEO Dave Schaeffer က “ ကျွန်တော်တို့ ရည်ရွယ်ချက်က ဘယ်သူ့ကိုမှ မထိခိုက်စေချင်တာပါ။ ဒါဟာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ဥရောပ သမဂ္ဂရဲ့ ရုရှား အပေါ် ပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်သွားမှာပါ။ ရုရှားကို အင်တာနက် ပိတ်လိုက်ပေမယ့် ယူကရိန်းကို ဝန်ဆောင်မှု ဆက်လက် ထောက်ပံ့နေမှာပါ။ “ လို့ ပြောပါတယ်။

Internet backbone Cogent cuts off Russian clients, colo customer "equipment  will be powered off" - DCD

Cogent ရဲ့ ဝန်ဆောင်မှု ရပ်နားလိုက်တဲ့အတွက် ရုရှားမှာ အင်တာနက်လိုင်း နှေးကွေးသွားမယ်လို့ ထင်ရပါတယ်။ Cogent ရဲ့ ရုရှား ဖောက်သည်တွေထဲမှာ နိုင်ငံပိုင် Telecom Operator Rostelecom ၊ ရုရှားရဲ့ အကြီးဆုံး အင်တာနက် ပံ့ပိုးတဲ့ ကုမ္ပဏီ ၁ ခု၊ Wireless Carrier Megafon နဲ့ Veon တို့ ပါဝင်ပါတယ်။

ကျွမ်းကျင်သူ တချို့က အခုလို ပြုလုပ်လိုက်တာကြောင့် ရုရှား ပြည်သူတွေဟာ အစိုးရ မဟုတ်တဲ့ တခြားဆီက သတင်းအချက်အလက်တွေ မရမှာကို စိုးရိမ်နေကြပါတယ်။ ရုရှားရဲ့ အင်တာနက် ကာကွယ်ရေး အဖွဲ့အစည်းမှ ဒါရိုက်တာ Mikhail Klimarev က “ ရုရှားကို အင်တာနက် ဖြတ်တောက်လိုက်တဲ့အတွက် ပြည်သူ သန်း ၁၄၀ ဟာ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို မရကြတော့ပါဘူး။ အင်တာနက် ရှိနေသမျှ အမှန်တရားကို ရှာဖွေနိုင်ပါတယ်။ အင်တာနက် မရှိတော့ရင် ရုရှားက ပြည်သူ အားလုံးဟာ အစိုးရရဲ့ ဝါဒဖြန့်တာတွေကိုပဲ သိကြမှာပါ။ “ လို့ ပြောပါတယ်။

Ref : engadget