DxOMark မှာဆိုရင် iPhone တွေရဲ့ ရပ်တည်မှုတွေကို ထိပ်ဆုံးနေရာမှာ တွေ့ရလေ့မရှိပါဘူး။ iPhone 12 mini ကတော့ ဓါတ်ပုံနဲ့ ဗီဒီယိုပိုင်းမှာ ယေဘုယျစွမ်းဆောင်ရည်အားဖြင့် ကောင်းမွန်တဲ့ ရလဒ်အချို့ကိုရရှိခဲ့ပြီး DxOMark ရဲ့ အဆင့် ၁၄ နေရာကို ရောက်ရှိနေပါတယ်။

Scene ရော Target နှစ်ခုစလုံးအတွက် မှန်ကန်တိကျတဲ့ Exposure နဲ့ Fast and Point focus တို့က iPhone 12 mini လေးရဲ့ အားသာချက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် Noise နဲ့ တစ်ခါတရံ White balance မှာ အပြာရောင်းသန်းသွားတတ်တဲ့ ပြဿနာကတော့ ရှိနေဆဲဖြစ်ပါတယ်။

DxOMark ဟာ iPhone 12 mini ရဲ့ ကင်မရာပိုင်းနဲ့ပတ်သက်ပြီး Scenes အချို့ကိုတော့ အသားပေးပြီးပြောဆိုသွားပါတယ်။ ဥပမာ Indoor ရိုက်ကူးတဲ့အခါမျိုးမှာ ပြတင်းပေါက်က ကျလာတဲ့ သေးငယ်တဲ့အလင်းတန်းလေးကိုလည်း ဖြစ်ပေါ်စေသလို၊ အခန်းတွင်းအလင်းရောင်ကိုလည်း လျော့ကျမသွားစေဘူးလို့ ဆိုပါတယ်။ အခြားပြိုင်ဘက်တွေနဲ့ယှဉ်ရင်တော့ Dynamic range က အကန့်အသတ်နဲ့ညွှန်ပြတာ ဖြစ်ပါတယ်။

မျှော်လင့်ထားတဲ့အတိုင်း iPhone 12 mini ဟာ iPhone 12 နဲ့ တူညီတဲ့ အမှတ်တွေကို ရယူနိုင်ခဲ့ပါတယ်။ Zoom တွေတပ်ဆင်ထားတဲ့ iPhone 12 Pro, Pro Max တွေနဲ့နှိုင်းယှဉ်ရင်တော့ အမှတ်အချို့လျော့နည်းနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်ပုံရိုက်ကူးမှုပိုင်းမှာ ၁၃၂ မှတ်၊ Zoom မှာ 41 မှတ်၊ ဗီဒီယိုရိုက်ကူးမှုအပိုင်းမှာ ၁၁၂ မှတ်ရရှိထားတာကိုလည်း တွေ့မြင်ရပါတယ်။

Ref: GSM Arena