လက်ရှိအချိန်မှာ Android ဖုန်းတွေအကုန်လုံးနီးပါးဟာ Fast Charging ပိုင်းကို အာရုံစိုက်နေပြီး အခုဆိုရင် အမြင့်ဆုံး 120W ၊ 150W နဲ့အထက်အထိ အမြန်အားသွင်းနိုင်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် Apple iPhone တွေကတော့ Fast Charging ပိုင်းမှာ သာမန် iPhone 14 Series ဖုန်းတွေမှာ 20W နဲ့ iPhone 14 Pro Series ဖုန်းတွေမှာ 27W အထိပဲ ထောက်ပံ့ပေးနေဆဲပါ။

အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ Apple ဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ iPhone 15 Series ဖုန်းတွေမှာ Fast Charging ပိုင်းကို Upgrade ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး ပိုမိုမြန်ဆန်တဲ့ Fast Charging ကို ထောက်ပံ့ထားမှာဖြစ်ပေမယ့်လည်း အမြင့်ဆုံး 35W အထိပဲ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

အခုလိုမျိုး iPhone 15 Series ဖုန်းတွေမှာ 35W Fast Charging အထိ ထောက်ပံ့ပေးလာတာက USB-C ကို ပြောင်းလဲအသုံးပြုလာတာကြောင့်လားဆိုတာကိုတော့ အသေအချာမသိရသေးပေမယ့် ယခင်ထက် အားသွင်းပိုမိုမြန်ဆန်လာမှာတော့ သေချာနေပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာ iPhone 14 Pro Max ဖုန်းဟာ 27W Fast Charging ကို ထောက်ပံ့ပေးထားပေမယ့် 0-100% အထိ အားသွင်းနိုင်ဖို့အတွက် အချိန် ၂ နာရီနီးပါးပေးနေဆဲဖြစ်ပါတယ်။

တစ်ခုရှိတာကတော့ Apple ဟာ 35W Fast Charging ကို iPhone 15 Pro နဲ့ iPhone 15 Pro Max ဖုန်းတွေမှာပဲ ထည့်သွင်းပေးသွားမလား၊ iPhone 15 Series ဖုန်းအားလုံးမှာ ထည့်သွင်းပေးနိုင်မလားဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone 15 Series ဟာ အဆင့်မြှင့်တင်မှုတွေအများအပြားပါဝင်လာမှာတော့ သေချာသလောက်ဖြစ်နေပါပြီ။

Ref – Gizmo China