Apple ဟာ နောက်နှစ်မှာ iPhone မော်ဒယ်အသစ်ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ ကုမ္ပဏီဟာ Plus မော်ဒယ် အစား iPhone 17 Air ကို မိတ်ဆက်မှာ ဖြစ်ပြီး အဲဒီဖုန်းဟာ အလွန် ပါးလွှာကာ အနောက်ကင်မရာ ၁ လုံးထဲ ပါလာနိုင်ပါတယ်။
အခုတော့ iPhone 17 Air ဟာ New Product Introduction (NPI) အဆင့်ကို ရောက်နေပြီလို့ သတင်းထွက်လာပါတယ်။ ဒါဟာ တကယ် ထုတ်လုပ်ဖို့ ပထမဆုံး ခြေလှမ်း ဖြစ်ပြီး Apple နဲ့ Suppliers တွေဟာ တကယ် ထုတ်လုပ်ဖို့အတွက် ဖုန်း ဒီဇိုင်းနဲ့ ထုတ်လုပ်မယ့် နည်းလမ်းတွေကို စစ်ဆေးကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ထုတ်လုပ်ဖို့အတွက် စီစဉ်ထားတဲ့ နည်းလမ်းတွေဟာ လက်တွေ့ကျသလားဆိုတာကိုပါ စစ်ဆေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ထုတ်လုပ်နိုင်တဲ့ စွမ်းရည် ၊ ကုန်ကျစားရိတ်နဲ့ ကိုက်ညီအောင် ဒီအဆင့်မှာ ဒီဇိုင်း ပြောင်းလဲမှု အနည်းငယ် ဖြစ်သွားနိုင်ပါတယ်။ NPI အဆင့်ပြီးရင် အနည်းငယ်ကို စမ်းသပ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
အဲဒီအတွက် iPhone 17 Air ကို အမြောက်အများ စတင် ထုတ်လုပ်ဖို့ နီးကပ်လာပါပြီ။ Plus မော်ဒယ် နေရာမှာ အစားထိုးမယ့် iPhone 17 Air ဟာ အောင်မြင်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref : Gsmarena