iPhone Plus Series ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ရောင်းအား မကောင်းတဲ့အတွက် Apple ဟာ Slim Series အသစ်နဲ့ အစားထိုးတော့မှာ ဖြစ်ပါတယ်။ iPhone 17 Slim ဟာ Pro Max Series ထက်တောင် ဈေးပိုကြီးမယ်လို့ သတင်းထွက်နေပါတယ်။

iPhone 17 Air — new report says it will launch in 2025 with breakthrough OLED  display

DigiTimes က iPhone 17 Slim မှာ အလွန်ပါးလွှာတဲ့ OLED Display အမျိုးအစားအသစ်ကို အသုံးပြုထားမယ်လို့ ပြောပါတယ်။ လူသိနည်းတဲ့ ထိုင်ဝမ် ကုမ္ပဏီ Novatek ဟာ Touch Sensor Layer နဲ့ Display Driver ကို တစ်ခုထဲ ပေါင်းစည်းထားတဲ့ TDDI OLED Panel ကို မကြာခင်က မိတ်ဆက်ထားပါတယ်။ အဲဒီအတွက် TDDI လို့ အမည်ပေးထားပြီး အရှည်က Touch and Display Driver Integration ဖြစ်ပါတယ်။ ဒါဟာ အလွန် ထူးခြားတဲ့ နည်းပညာ မဟုတ်ပေမယ့် စမတ်ဖုန်း အထူကို လျှော့ချပေးနိုင်ပါတယ်။

This Technology Could Pave the Way for the 'iPhone 17 Air' Next Year -  MacRumors

DigiTimes က Apple ဟာ iPhone 17 Slim အတွက် Novatek ရဲ့ OLED Panel တွေကို အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ DigiTimes က Apple ဟာ အဲဒီ OLED Panel ကို iPhone မှာ မသုံးခင် တခြား Device တွေမှာ အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။ iPhone မတိုင်ခင်မှာ Apple Watches နဲ့ iPad မှာ TDDI OLED ကို အသုံးပြုနိုင်ပါတယ်။

Ref : gsmarena