Amazon ကုမ္ပဏီရဲ့ CEO အဖြစ်ကနေ အနားယူခဲ့ပေမယ့်လည်း Jeff Bezos ဟာ ကုမ္ပဏီဆီကနေ အခြေခံလစာအဖြစ် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၈၁,၄၀၀ ဝန်းကျင် ဆက်လက်ရရှိနေပါတယ်။ အဲဒီလစာပမာဏဟာ ၁၉၉၈ ခုနှစ်ကတည်းက အပြောင်းအလဲမရှိဘဲ ဖြစ်နေတာပါ။

Amazon is still paying Jeff Bezos an $80,000 yearly salary—but $1.6 million  for travel and security | Fortune

Bezos ဟာ အပိုဆုကြေး (Bonus) ဒါမှမဟုတ် တခြားထပ်ဆောင်း ခံစားခွင့်တွေကို ရယူခြင်းမရှိပါဘူး။ သူ့ရဲ့ ကြွယ်ဝချမ်းသာမှု အများစုဟာ သူ ၈ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်ထားတဲ့ Amazon ရှယ်ယာတွေကနေ လာတာဖြစ်ပါတယ်။

Here's Why Jeff Bezos Only Paid Himself an $80,000 Salary From Amazon

သူ့ရဲ့ ပိုင်ဆိုင်မှု အသားတင်တန်ဖိုးဟာ ဒေါ်လာ ဘီလီယံ ၂၅၀ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအဖြစ် ပါဝင်နေပါတယ်။

Bezos ရဲ့ အခြေခံလစာဟာ နည်းပါးနေပေမယ့်လည်း Amazon ကုမ္ပဏီဟာ သူ့ရဲ့ လုံခြုံရေးနဲ့ ခရီးသွားလာရေးစရိတ်တွေအတွက် တစ်နှစ်ကို ဒေါ်လာ ၁.၆ သန်းခန့် အသုံးပြုနေရပါတယ်။

ကုမ္ပဏီရဲ့ မှတ်တမ်းတွေအရ Bezos ဟာ သူ့မှာ ရှယ်ယာပိုင်ဆိုင်မှုတွေ ရှိနေတာကြောင့် “ထပ်ဆောင်း ခံစားခွင့်တွေ မယူဖို့ တောင်းဆိုထားတယ်” လို့ သိရပါတယ်။ တခြား အမှုဆောင်အရာရှိတွေကတော့ အခြေခံလစာ ဒေါ်လာ ၃၆၅,၀၀၀ ခန့်အပြင် တခြားအသုံးစရိတ်တွေအတွက် ဒေါ်လာ သန်းနဲ့ချီပြီး ရရှိကြတာဖြစ်ပါတယ်။

Ref : Fossbytes