Zawgyi

လြန္ခဲ့တဲ့ မတ္လက Lenovo S5 စမတ္ဖုန္းကို မိတ္ဆက္လို႔ အျပီးမွာ Lenovo ကေနျပီး ေနာက္ဆက္တြဲဖုန္းအျဖစ္ Lenovi S5 Pro ကို မိတ္ဆက္ေတာ့မွာပါ။ အမ်ိဳးစံုေသာ ေကာလဟလေတြနဲ႔ သတင္းေပါက္ၾကားမွုေတြအရ အေနာက္ဘက္မွာ ကင္မရာ ေလးလံုးတပ္ဆင္ေပးထားမယ္လို႔ ထင္ခဲ့ၾကပါတယ္။ မေန႔ကပဲ Lenovo ကေနျပီး Lenovo S5 Pro ကို ေအာက္တိုဘာ ၁၅ မွာ တရားဝင္မိတ္ဆက္ေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။ Lenovo ကုမၸဏီကိုယ္တိုင္က မေနႏိုင္မထိုင္ႏိုင္နဲ႔ ဖုန္းအသစ္ရဲ႕ ကင္မရာ လုပ္ေဆာင္ခ်က္ေတြကို ေျပာျပခဲ့ျပီး Xiaomi ရဲ႕ အသစ္ထြက္ စမတ္ဖုန္း Mi 8 Lite နဲ႔ေတာင္ ႏွိုင္းယွဥ္ခဲ့ပါေသးတယ္။

Lenovo S5 Pro မွာ အသစ္ပါဝင္လာတဲ့ Optical Zoom ကို အသားေပး ခ်ီးမႊန္းခဲ့ျပီး Mi 8 Lite ရဲ႕ ကင္မရာ အရည္အေသြးထက္ ပိုသာလြန္ေနတယ္လို႔ ေျပာခဲ့ပါတယ္။ Teaser ပိုစတာအရ ကင္မရာ ႏွစ္လံုးကိုသာ ေတြ႔ရျပီး သာမာန္ RGB Lens နဲ႔ Zoom ႏွစ္ဆ ဆြဲႏိုင္တဲ့ (ပံုရိပ္အရည္အေသြး ေလ်ာ့က်ျခင္းမရွိ) Telephoto Lens တို႔ပါဝင္ပါတယ္။ အရင္ ထြက္ထားတဲ့ ကင္မရာေလးလံုး ပါဝင္မယ္ဆိုတဲ့ ေကာလဟလေတြကေတာ့ မွန္ကန္ျခင္းမရွိပါဘူး။ ဒါေပမယ့္လည္း ခန္႔မွန္းလို႔ မရတဲ့ ကုမၸဏီေတြထဲမွာ Lenovo ဟာလည္း တစ္ခုအပါအဝင္ျဖစ္လို႔ မနက္ဖန္မွာ က်င္းပမယ့္ တရားဝင္မိတ္ဆက္ပြဲမွာပဲ ေသခ်ာသိရမွာပါ။

S5 Pro မွာ အသံုးျပဳမယ့္ SoC ကေတာ့ နာမည္ၾကီး Upper Mid-Range SoC ျဖစ္တဲ့ Snapdragon 660 ကို RAM 3/4/6GB ဆိုျပီး ေမာ္ဒယ္အလိုက္ တပ္ဆင္ေပးထားပါတယ္။ 6.18-inch ရွိတဲ့ Full HD+ Display ပါဝင္ျပီး 19:9 အခ်ိဳးအစားရွိပါတယ္။ အေရွ႕ဘက္မွာေတာ့ Selfie Camera ႏွစ္လံုးကို တပ္ဆင္ေပးထားျပီး AI Support လည္းပါဝင္မွာပါ။ ခန္႔မွန္းေစ်းႏွုန္းကေတာ့ $245 ကေန စျပီး ေရာင္းခ်ႏိုင္ပါတယ္။

Ref: Gizmo China

Unicode

လွန်ခဲ့တဲ့ မတ်လက Lenovo S5 စမတ်ဖုန်းကို မိတ်ဆက်လို့ အပြီးမှာ Lenovo ကနေပြီး နောက်ဆက်တွဲဖုန်းအဖြစ် Lenovi S5 Pro ကို မိတ်ဆက်တော့မှာပါ။ အမျိုးစုံသော ကောလဟလတွေနဲ့ သတင်းပေါက်ကြားမှုတွေအရ အနောက်ဘက်မှာ ကင်မရာ လေးလုံးတပ်ဆင်ပေးထားမယ်လို့ ထင်ခဲ့ကြပါတယ်။ မနေ့ကပဲ Lenovo ကနေပြီး Lenovo S5 Pro ကို အောက်တိုဘာ ၁၅ မှာ တရားဝင်မိတ်ဆက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ Lenovo ကုမ္ပဏီကိုယ်တိုင်က မနေနိုင်မထိုင်နိုင်နဲ့ ဖုန်းအသစ်ရဲ့ ကင်မရာ လုပ်ဆောင်ချက်တွေကို ပြောပြခဲ့ပြီး Xiaomi ရဲ့ အသစ်ထွက် စမတ်ဖုန်း Mi 8 Lite နဲ့တောင် နှိုင်းယှဉ်ခဲ့ပါသေးတယ်။

Lenovo S5 Pro မှာ အသစ်ပါဝင်လာတဲ့ Optical Zoom ကို အသားပေး ချီးမွှန်းခဲ့ပြီး Mi 8 Lite ရဲ့ ကင်မရာ အရည်အသွေးထက် ပိုသာလွန်နေတယ်လို့ ပြောခဲ့ပါတယ်။ Teaser ပိုစတာအရ ကင်မရာ နှစ်လုံးကိုသာ တွေ့ရပြီး သာမာန် RGB Lens နဲ့ Zoom နှစ်ဆ ဆွဲနိုင်တဲ့ (ပုံရိပ်အရည်အသွေး လျော့ကျခြင်းမရှိ) Telephoto Lens တို့ပါဝင်ပါတယ်။ အရင် ထွက်ထားတဲ့ ကင်မရာလေးလုံး ပါဝင်မယ်ဆိုတဲ့ ကောလဟလတွေကတော့ မှန်ကန်ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ခန့်မှန်းလို့ မရတဲ့ ကုမ္ပဏီတွေထဲမှာ Lenovo ဟာလည်း တစ်ခုအပါအဝင်ဖြစ်လို့ မနက်ဖန်မှာ ကျင်းပမယ့် တရားဝင်မိတ်ဆက်ပွဲမှာပဲ သေချာသိရမှာပါ။

S5 Pro မှာ အသုံးပြုမယ့် SoC ကတော့ နာမည်ကြီး Upper Mid-Range SoC ဖြစ်တဲ့ Snapdragon 660 ကို RAM 3/4/6GB ဆိုပြီး မော်ဒယ်အလိုက် တပ်ဆင်ပေးထားပါတယ်။ 6.18-inch ရှိတဲ့ Full HD+ Display ပါဝင်ပြီး 19:9 အချိုးအစားရှိပါတယ်။ အရှေ့ဘက်မှာတော့ Selfie Camera နှစ်လုံးကို တပ်ဆင်ပေးထားပြီး AI Support လည်းပါဝင်မှာပါ။ ခန့်မှန်းဈေးနှုန်းကတော့ $245 ကနေ စပြီး ရောင်းချနိုင်ပါတယ်။

Ref: Gizmo China