My LG Phones က LG ဟာ  စွမ်းရည်သင့် Q Series Device ၁၃ လုံးရဲ့ နာမည်တွေကို မှတ်ပုံတင်လိုက်တယ်လို့ ပြောပါတယ်။ Korea Intellectual Property Rights Information Service (or KIPRIS) မှာ မှတ်ပုံတင်လိုက်တာ ဖြစ်ပြီး နာမည်တွေက Q31, Q32, Q33, Q51, Q51S, Q52, Q53, Q61, Q62, Q63, Q91, Q92 နဲ့ Q93 တို့ ဖြစ်ပါတယ်။ အဲဒီ နာမည်အားလုံးကို Class 9 အောက်မှာ မှတ်ပုံတင်ထားတာ ဖြစ်တဲ့အတွက် အားလုံးဟာ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

ဒီ Series တွေ အားလုံးထဲမှာ Q30 Series ကသာ Line-up အသစ် ဖြစ်ပါတယ်။ Q30 Series ဟာ K10 ကို အစားထိုးမှာ ဖြစ်ပြီး နံပါတ် အသစ်ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ LG Q51 ကို ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး Mediatek Helio P22 Chipset မောင်းနှင်ထားပါတယ်။

3GB RAM ပါလာပြီး ၆.၅ လက်မ HD+ မျက်နှာပြင် ထောက်ပံ့ထားပါတယ်။ 4,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ LG Q Series အသစ်တွေကို လာမယ့် လအနည်းငယ်အတွင်းမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena