LG က Wing အတွက် Software Update ကို ဖြန့်ချိလိုက်ရင်းနဲ့ နှစ်သစ်ကို ကြိုဆိုလိုက်ပါတယ်။ Update မှာ User Experience ပိုကောင်းလာပြီး App တွေကို မျက်နှာပြင် ၂ ခုအကြား ပြောင်းရွှေ့ရတာ လွယ်ကူလာပါတယ်။ ဒီလို ပြောင်းရွှေ့ဖို့အတွက် လက် ၃ ချောင်းနဲ့ ပွတ်ဆွဲရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် App , Widget နဲ့ Folder နာမည်တွေကို ဒုတိယ Home Screen မှာ ပြသပေးလာနိုင်ပါပြီ။ ကင်မရာ App ကနေ QR Codes တွေကို Scan လုပ်လို့ရလာပြီး Setup Wizard မှာ WiFi Menu ကို ကျော်သွားရင် စကရင် အသစ် ၁ ခုကို ပြသပေးနိုင်လာပါတယ်။ 5G Icon ဟာ အညိုအစား အဖြူရောင် ဖြစ်သွားပြီး Wallpaper Selection တွေ ပိုများလာပါတယ်။ ဒုတိယ မျက်နှာပြင်မှာ Media Controls တွေကို ပြသပေးနိုင်လာပါတယ်။
LG Wing ရဲ့ Update Version ဟာ F100VM10d ဖြစ်ပြီး Verizon LG Wing အလုံးတွေအတွက် ဖြစ်ပါတယ်။ အထက်ပါ Changelog ဟာ Verizon က ထုတ်ပေးထားတာ ဖြစ်ပြီး Update တင်ပြီးရင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွက် Security Patch ကိုပါ ရရှိမှာပါ။
LG က အဲဒီ Update ကို တစ်ကမ္ဘာလုံးအတွက် အဆင့်လိုက် ဖြန့်ချိပေးနေတယ်လို့ ထင်ရပြီး သင့်မှာ မရသေးရင် ခဏစောင့်ပေးပါ။ Verizon က အလုံးတွေအတွက် အစောဆုံး ဖြန့်ချိပေးလိုက်တာတော့ သေချာပြီး မကြာခင်မှာ တခြား User တွေမှာ ရကြမှာပါ။ တစ်ကမ္ဘာလုံးက Unlocked အလုံးတွေအတွက်ပါ မကြာခင် ရနိုင်ပါတယ်။
Ref : gsmarena