[Unicode]
လန်ဒန်မြို့အဝန်းမှာ Live Facial Recognition ကင်မရာတွေကို တပ်ဆင်မယ်လို့ ရဲဌာနက ကြေညာလိုက်ပါတယ်။ အဲဒီ နည်းပညာကို စမ်းသပ်နေတာ အောင်မြင်သွားတဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်တော့မှာပါ။ ကင်မရာတွေကို Stratford’ Westfield Shopping Center နဲ့ West End လို ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ဈေးဝယ်သူတွေ စည်ကားတဲ့ တည်နေရာတွေမှာ တပ်ဆင်မှာပါ။ အဲဒီ ကင်မရာတွေကနေ ရာဇဝတ်သားတွေကို အချိန်နဲ့ တစ်ပြေးညီ စောင့်ကြည့်စစ်ဆေးနေမှာပါ။

လန်ဒန်ရဲဌာနက “ ခေတ်သစ် ရဲဌာနအနေနဲ့ လန်ဒန်မြို့သူ မြို့သားတွေ ဘေးကင်းလုံခြုံဖို့ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ရဲဝန်ထမ်းတွေဟာ သံသယရှိသူတွေနဲ့ ရာဇဝတ်သားတွေကို နေ့တိုင်း ရှာဖွေနေရပါတယ်။ မျက်နှာအာရုံခံ နည်းပညာက အများကြီး အထောက်အကူပြုပါတယ်။ “ လို့ ပြောပါတယ်။
ဗြိတိန်မှာ မျက်နှာအာရုံခံ နည်းပညာကို အရင်ကတော့ ဘောလုံးပွဲတွေနဲ့ ဖျော်ဖြေရေးပွဲတွေလို ပွဲအခမ်းအနားတွေမှာပဲ စမ်းသပ်တဲ့ အနေနဲ့ပဲ အသုံးပြုခဲ့ကြတာပါ။ လန်ဒန်ရဲဌာနက သူတို့ သုံးတဲ့ နည်းပညာကို စမ်းသပ် အောင်မြင်ပြီးပြီလို့ ပြောပါတယ်။ NEC ကုမ္ပဏီရဲ့ နည်းပညာကို အသုံးပြုထားပြီး သံသယရှိသူ ၇၀ ရာခိုင်နှုန်းကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီးပါပြီ။ အကြိမ် ၁၀၀၀ မှာ ၁ ကြိမ်ပဲ မှားယွင်းခဲ့ဖူးပါတယ်။
လူ့အခွင့်အရး တက်ကြွလှုပ်ရှားသူတွေကတော့ ဒီနည်းပညာဟာ လူသားတွေရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ဝေဖန်ထောက်ပြနေကြပါတယ်။ ဒီနည်းပညာကို ရဲတွေက အလွဲသုံးစားလုပ်နေတာတွေလည်း ရှိတယ်လို့ ပြောနေကြပါတယ်။
Ref : theverge
[Zawgyi]
လန္ဒန္ ရဲေတြက ၿမိဳ႕ေတာ္အဝန္းမွာ Facial Recognition ကင္မရာေတြ တပ္ဆင္မည္
လန္ဒန္ၿမိဳ႕အဝန္းမွာ Live Facial Recognition ကင္မရာေတြကို တပ္ဆင္မယ္လို႔ ရဲဌာနက ေၾကညာလိုက္ပါတယ္။ အဲဒီ နည္းပညာကို စမ္းသပ္ေနတာ ေအာင္ျမင္သြားတဲ့အတြက္ က်ယ္က်ယ္ျပန႔္ျပန႔္ တပ္ဆင္ေတာ့မွာပါ။ ကင္မရာေတြကို Stratford’ Westfield Shopping Center နဲ႔ West End လို ကမာၻလွည့္ခရီးသြားေတြနဲ႔ ေဈးဝယ္သူေတြ စည္ကားတဲ့ တည္ေနရာေတြမွာ တပ္ဆင္မွာပါ။ အဲဒီ ကင္မရာေတြကေန ရာဇဝတ္သားေတြကို အခ်ိန္နဲ႔ တစ္ေျပးညီ ေစာင့္ၾကည့္စစ္ေဆးေနမွာပါ။

လန္ဒန္ရဲဌာနက “ ေခတ္သစ္ ရဲဌာနအေနနဲ႔ လန္ဒန္ၿမိဳ႕သူ ၿမိဳ႕သားေတြ ေဘးကင္းလုံၿခဳံဖို႔ ေနာက္ဆုံးေပၚ နည္းပညာေတြကို အသုံးျပဳဖို႔ လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔ ရဲဝန္ထမ္းေတြဟာ သံသယရွိသူေတြနဲ႔ ရာဇဝတ္သားေတြကို ေန႔တိုင္း ရွာေဖြေနရပါတယ္။ မ်က္ႏွာအာ႐ုံခံ နည္းပညာက အမ်ားႀကီး အေထာက္အကူျပဳပါတယ္။ “ လို႔ ေျပာပါတယ္။
ၿဗိတိန္မွာ မ်က္ႏွာအာ႐ုံခံ နည္းပညာကို အရင္ကေတာ့ ေဘာလုံးပြဲေတြနဲ႔ ေဖ်ာ္ေျဖေရးပြဲေတြလို ပြဲအခမ္းအနားေတြမွာပဲ စမ္းသပ္တဲ့ အေနနဲ႔ပဲ အသုံးျပဳခဲ့ၾကတာပါ။ လန္ဒန္ရဲဌာနက သူတို႔ သုံးတဲ့ နည္းပညာကို စမ္းသပ္ ေအာင္ျမင္ၿပီးၿပီလို႔ ေျပာပါတယ္။ NEC ကုမၸဏီရဲ႕ နည္းပညာကို အသုံးျပဳထားၿပီး သံသယရွိသူ ၇၀ ရာခိုင္ႏႈန္းကို ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့ၿပီးပါၿပီ။ အႀကိမ္ ၁၀၀၀ မွာ ၁ ႀကိမ္ပဲ မွားယြင္းခဲ့ဖူးပါတယ္။
လူ႔အခြင့္အရး တက္ႂကြလႈပ္ရွားသူေတြကေတာ့ ဒီနည္းပညာဟာ လူသားေတြရဲ႕ ကိုယ္ေရးကိုယ္တာ လြတ္လပ္ခြင့္ကို အေႏွာင့္အယွက္ျဖစ္ေစတယ္လို႔ ေဝဖန္ေထာက္ျပေနၾကပါတယ္။ ဒီနည္းပညာကို ရဲေတြက အလြဲသုံးစားလုပ္ေနတာေတြလည္း ရွိတယ္လို႔ ေျပာေနၾကပါတယ္။
Ref : theverge