realme Myanmar မှ “သဘာ၀ကျကျ၊ ညအလှ” ခေါင်းစဥ်နှင့်အတူ ဓာတ်ပုံပညာ သိကောင်းစရာများအကြောင်းကို ဓာတ်ပုံဆရာ ကိုကျော်ကျော်၀င်း မှ ဦးဆောင်ဆွေးနွေးသည့် Low-Light Photography Workshop powered by realme 9 ပွဲအား ၂၀၂၂ ခုနှစ်၊ ဇွန်လ (၄) ရက်၊ Lotte-Hotel, Sapphire Ballroom တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုပွဲကို Tech Media များ၊ Tech Vlogger များ၊ စာနယ်ဇင်းမီဒီယာများ နှင့် ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်း အနုပညာကို ချစ်မြတ်နိုးကြသော realme Myanmar ရဲ့ ဓာတ်ပုံ၀ါသနာရှင် R-Fan များ တက်ရောက်ခဲ့ကြသည်။

Low-Light Photography Workshop ပွဲတွင် ဓာတ်ပုံဆရာ ကိုကျော်ကျော်၀င်း မှ ပရိုဆန်သည့် 108 MP ပါ၀င်သော realme 9 ကင်မရာဖြင့် ရိုက်ကူးထားသည့် Street Photography ဓာတ်ပုံများကို ပြသခဲ့ပြီး၊ ဓာတ်ပုံရိုက်ရာတွင် လိုအပ်သော အခြေခံပညာရပ်များကို ဆွေးနွေးမျှ၀ေပေးခဲ့သည်။

realme 9 တွင် Samsung ၏ HM6 Image Sensor ကို အထူးထည့်သွင်းပေးထားပြီး အလင်းစုပ်ယူအားဖြည့်မှု အပိုင်းတွင် ၁၂၃ ရာခိုင်နှုန်းအထိပိုမိုအားကောင်းသွားစေမည်ဖြစ်သည်။ realme 9 တွင်ပါဝင်သည့် HM6 Image Sensor မှာ Nonapixel Plus နည်းပညာကိုအသုံးပြုထားသဖြင့် 9-sum Pixel Binning အားသာချက်ကြောင့် လုံလောက်ပြည့်ဝသည့်အလင်းအားကိုရရှိစေကာ ပိုမိုပြတ်သားကြည်လင်သည့် ပုံများကိုဖန်တီးနိုင်စေမည် ဖြစ်သည်။ ဓာတ်ပုံတစ်ခုအတွက်အဓိကအဟန့်အတားဖြစ်သည့် Noise (ပုံဖွယ်ခြင်း) ကိုပါ အနည်းဆုံး အဖြစ်လျှော့ချပေးမည်။ ဓာတ်ပုံရိုက်ကူးမှုပိုင်းဆိုင်ရာများတွင် ဆန်းသစ်သည့် feature သစ်များနှင့်အတူ ရုပ်ထွက်နှင့် အလင်းဝင်အားတို့ကို ပိုမိုကောင်းမွန်စွာရရှိစေရန်အတွက် ပရိုဆန်သည့် 108MP ကင်မရာအမျိုးအစားပါ၀င်သော realme 9 အကြောင်းများကို realme Myanmar မှ တာ၀န်ရှိသူ Head of Brand Marketing, ကို၀ေဖြိုးအောင်မှ ရှင်းလင်းပြောကြားခဲ့သည်။


Tech Media page ဖြစ်သည့် Techviews.pro ရဲ့ ပဲ့ကိုင်ရှင် ကိုစည်သူဟိန်းမြတ်မှ realme 9 ကင်မရာဖြင့် ကိုယ်တိုင် ရိုက်ကူးပုံဖော်ထားသော Street Photography Mode ဓာတ်ပုံများ ပြသခဲ့သည့်အပြင် R-Fan များအတွက် realme 9 camera feature များဖြင့် ဖန်တီးနိုင်မည့် ပုံရိပ်များအကြောင်း မျှ၀ေခဲ့သည်။

ထို့အပြင် realme စမတ်ဖုန်းများကို အစစ်အမှန်အားပေးသူ R-Fan ကိုလှိုင်၀င်း မှ realme 9 ကင်မရာဖြင့် ပတ်ဝန်းကျင်အလှတရားများကို စမ်းသပ်ဖန်တီးချိန်တွင် ဖြစ်ပေါ်လာသည့် realme အပေါ်ထားရှိသော ခံစားချက်များကို ပြောပြပေးခဲ့ပါသည်။ realme 9 ဖြင့် Street Photography များရိုက်ကူးခဲ့သူ R-Fan ကိုလှိုင်၀င်း မှ “ အခု workshop မှာ ဆရာကျော်ကျော်၀င်းရဲ့ လမ်းညွှန်အကြံပြုချက်တွေက ကျွန်တော်တို့လို ၀ါသနာရှင်တွေအတွက် အများကြီး အထောက်အကူဖြစ်လို့ ဆရာကို ကျေးဇူးတင်ပါတယ်။ ရှေ့လျှောက် ကျွန်တော်တို့အတွက် ပိုကောင်းတဲ့ ရိုက်ကူးမှုတွေ့အကြုံတွေ ရရှိလာတော့မယ်လို့ ယုံကြည်တယ်။ ဒီပွဲကို ဖြစ်မြောက်အောင်ဖန်တီးပေးတဲ့ realme ကို ကျေးဇူးအများကြီးတင်ပါတယ် “ ဟုပြောကြားခဲ့သည်။

နယ်ပယ်အသီးသီးမှ ပညာရှင်များ ဓာတ်ပုံအခြေခံပညာရပ်များ မျှ၀ေအပြီးတွင် realme Myanmar ရဲ့ R-Fans ဓာတ်ပုံ၀ါသနာရှင်များ ကိုယ်တိုင် ဆရာကိုကျော်ကျော်၀င်း သင်ပြထားသည့်အတိုင်း realme 9 ကို အသုံးပြုကာ ချက်ချင်းဓာတ်ပုံရိုက်ကူးခြင်းများ အတူတကွ ဖန်တီးကြသည်။ အလင်းအားကောင်းပြီး ပိုမိုကြည်လင်သည့် ပုံထွက်ကို ဖန်တီးပေးမည့် ပရိုဆန်တဲ့ 108 MP ကင်မရာပါ၀င်သော realme 9 ကို ဇွန်လ ၇ ရက်နေ့တွင် မိတ်ဆတ်ပေးသွားမည်ဖြစ်သည်။

Press Release – realme