Unicode

စူပါဟီးရိုးရုပ်ရှင်ကားတွေနဲ့ လူသိများတဲ့ Marvel Comics ဟာ သူတို့ရဲ့ ကောမစ်ဇာတ်ကောင်တွေကို အခြေခံထားတဲ့ မိုဘိုင်းဂိမ်းအမျိုးအစားပေါင်းစုံကို ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ထုတ်လုပ်ခဲ့ပါတယ်။ အခုတစ်ခါ အလှည့်ကျလာတာကတော့ MOBA လို့ အတိုကောက်ခေါ်တဲ့ Multi-player Online Battle Arena အမျိုးအစား MARVEL Super War ပဲဖြစ်ပါတယ်။

Preview of MARVEL Super War

?Calling All Super Heroes?Marvel's first MOBA game on mobile is released today!Download from here:https://go.onelink.me/hmLI/eccbe8c9Battle alongside Marvel Super Heroes on the Wakandan battlefield!Enjoy fair battles without rune systems!Battle together with your friends and defeat any challenge!※The game is now available for the following regions: Thailand, Indonesia, Malaysia, Singapore, Philippines, India. #MARVELSuperWar

Posted by MARVEL Super War on Tuesday, 17 December 2019

MOBA ဆိုတာကတော့ Mobile Legends: Bang Bang, Arena of Valor တို့လို ဂိမ်းအမျိုးအစားကို ခေါ်တာပါ။ အရင်က 3 Corridors, Strategy/RPG ဂိမ်းအမျိုးအစားအဖြစ် အခြားဂိမ်းပလက်ဖောင်းတွေမှာ ခေါ်ခဲ့ကြပေမယ့် Dota ဂိမ်း အောင်မြင်ပြီးနောက်ပိုင်းမှာတော့ MOBA လို့ပဲ ခေါ်ကြပါတော့တယ်။

MARVEL Super War မှာတော့ Hero / Champion လို့ခေါ်ကြတဲ့ ကစားသူထိန်းချုပ်ဆော့ကစားရမယ့် ကာရိုက်တာတွေနေရာမှာ MCU ပရိသတ်တွေလည်း ရင်းနှီးပြီးသားဖြစ်တဲ့ စူပါဟီးရိုးတွေ၊ စူပါဗီလိန်တွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ လောလောဆယ် ကစားနိုင်တဲ့ ဟီးရိုး ၄၂ ကောင်ရှိပြီး အရင်က သီးသန့်ရုပ်ရှင်ကားထွက်ဖူးပေမယ့် MCU ထဲမှာ အခုမှပါလာမယ့် Blade လို ဇာတ်ကောင်တွေကိုလည်း မြင်ရမှာပါ။

လက်ရှိမှာ အရှေ့တောင်အာရှရဲ့ ထိုင်း၊ အင်ဒို၊ မလေး၊ စင်ကာပူ၊ ဖိလစ်ပိုင် တို့က App Store တွေမှာ တရားဝင် Download ဆွဲယူကစားလို့ ရနေပြီဖြစ်ပြီး မြန်မာ Play Store မှာတော့ မရသေးပါဘူး။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေမှာ ရနေပြီဖြစ်တာကြောင့် သိပ်မကြာတော့ဘူးလို့ယုံကြည်ရပြီး မစောင့်နိုင်ဘူးဆိုရင်လည်း အခြားနိုင်ငံက App Store တွေကနေ ရယူဆော့ကစားလို့ရပါတယ်။

ပထမဆုံးနေ့မှာ ဆော့ကြည့်ရတဲ့ အတွေ့အကြုံအရတော့ MLBB, AOV တို့နဲ့ ဆင်တူပေမယ့် အဲဒီ့ဂိမ်းတွေရဲ့ မူရင်း Element တွေ အခြေခံရာဖြစ်တဲ့ League of Legends ဂိမ်းကို အနီးကပ်ဆုံး ပုံတူယူထားတယ်လို့တော့ ခံစားရပါတယ်။ အသံပိုင်းက Default Setting မှာ နည်းနည်းတိုးနေပြီး အသံချဲ့ကစားရင် ပိုအဆင်ပြေပါတယ်။

Control ပိုင်းမှာတော့ မိုဘိုင်း MOBA ဂိမ်းတွေ ဆော့ဖူးတဲ့သူတွေအတွက် အခက်အခဲရှိမှာမဟုတ်ပါဘူး။ ကိုယ်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကောင်တွေကို အခြေခံထားတဲ့ ဂိမ်းအသစ်ဖြစ်တဲ့အတွက် ကစားရတာ ပျော်ဖို့ ပိုကောင်းပါတယ်။ ဟီးရိုးတွေကို ထုံးစံအတိုင်း In-game Currency နဲ့ Unlock ပြုလုပ်ရမှာဖြစ်ပြီး မစောင့်ချင်တဲ့သူတွေကတော့ ဝယ်ကစားကြရဦးမှာပါ။

Zawgyi

စူပါဟီးရုိးရုပ္ရွင္ကားေတြနဲ႔ လူသိမ်ားတဲ့ Marvel Comics ဟာ သူတုိ႔ရဲ႕ ေကာမစ္ဇာတ္ေကာင္ေတြကို အေျခခံထားတဲ့ မုိဘုိင္းဂိမ္းအမ်ဳိးအစားေပါင္းစုံကို ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ထုတ္လုပ္ခဲ့ပါတယ္။ အခုတစ္ခါ အလွည့္က်လာတာကေတာ့ MOBA လို႔ အတုိေကာက္ေခၚတဲ့ Multi-player Online Battle Arena အမ်ဳိးအစား MARVEL Super War ပဲျဖစ္ပါတယ္။

Preview of MARVEL Super War

?Calling All Super Heroes?Marvel's first MOBA game on mobile is released today!Download from here:https://go.onelink.me/hmLI/eccbe8c9Battle alongside Marvel Super Heroes on the Wakandan battlefield!Enjoy fair battles without rune systems!Battle together with your friends and defeat any challenge!※The game is now available for the following regions: Thailand, Indonesia, Malaysia, Singapore, Philippines, India. #MARVELSuperWar

Posted by MARVEL Super War on Tuesday, 17 December 2019

MOBA ဆုိတာကေတာ့ Mobile Legends: Bang Bang, Arena of Valor တုိ႔လို ဂိမ္းအမ်ဳိးအစားကို ေခၚတာပါ။ အရင္က 3 Corridors, Strategy/RPG ဂိမ္းအမ်ဳိးအစားအျဖစ္ အျခားဂိမ္းပလက္ေဖာင္းေတြမွာ ေခၚခဲ့ၾကေပမယ့္ Dota ဂိမ္း ေအာင္ျမင္ၿပီးေနာက္ပိုင္းမွာေတာ့ MOBA လို႔ပဲ ေခၚၾကပါေတာ့တယ္။

MARVEL Super War မွာေတာ့ Hero / Champion လို႔ေခၚၾကတဲ့ ကစားသူထိန္းခ်ဳပ္ေဆာ့ကစားရမယ့္ ကာရုိက္တာေတြေနရာမွာ MCU ပရိသတ္ေတြလည္း ရင္းႏွီးၿပီးသားျဖစ္တဲ့ စူပါဟီးရုိးေတြ၊ စူပါဗီလိန္ေတြနဲ႔ ကစားရမွာ ျဖစ္ပါတယ္။ ေလာေလာဆယ္ ကစားႏုိင္တဲ့ ဟီးရုိး ၄၂ ေကာင္ရွိၿပီး အရင္က သီးသန္႔ရုပ္ရွင္ကားထြက္ဖူးေပမယ့္ MCU ထဲမွာ အခုမွပါလာမယ့္ Blade လို ဇာတ္ေကာင္ေတြကိုလည္း ျမင္ရမွာပါ။

လက္ရွိမွာ အေရွ႕ေတာင္အာရွရဲ႕ ထုိင္း၊ အင္ဒို၊ မေလး၊ စင္ကာပူ၊ ဖိလစ္ပိုင္ တုိ႔က App Store ေတြမွာ တရားဝင္ Download ဆြဲယူကစားလို႔ ရေနၿပီျဖစ္ၿပီး ျမန္မာ Play Store မွာေတာ့ မရေသးပါဘူး။ ဒါေပမယ့္ အိမ္နီးခ်င္းႏုိင္ငံေတြမွာ ရေနၿပီျဖစ္တာေၾကာင့္ သိပ္မၾကာေတာ့ဘူးလို႔ယုံၾကည္ရၿပီး မေစာင့္ႏုိင္ဘူးဆုိရင္လည္း အျခားႏုိင္ငံက App Store ေတြကေန ရယူေဆာ့ကစားလို႔ရပါတယ္။

ပထမဆုံးေန႔မွာ ေဆာ့ၾကည့္ရတဲ့ အေတြ႕အၾကဳံအရေတာ့ MLBB, AOV တုိ႔နဲ႔ ဆင္တူေပမယ့္ အဲဒီ့ဂိမ္းေတြရဲ႕ မူရင္း Element ေတြ အေျခခံရာျဖစ္တဲ့ League of Legends ဂိမ္းကို အနီးကပ္ဆုံး ပုံတူယူထားတယ္လို႔ေတာ့ ခံစားရပါတယ္။ အသံပုိင္းက Default Setting မွာ နည္းနည္းတုိးေနၿပီး အသံခ်ဲ႕ကစားရင္ ပိုအဆင္ေျပပါတယ္။

Control ပုိင္းမွာေတာ့ မုိဘုိင္း MOBA ဂိမ္းေတြ ေဆာ့ဖူးတဲ့သူေတြအတြက္ အခက္အခဲရွိမွာမဟုတ္ပါဘူး။ ကိုယ္ႏွစ္သက္တဲ့ ရုပ္ရွင္ဇာတ္ေကာင္ေတြကို အေျခခံထားတဲ့ ဂိမ္းအသစ္ျဖစ္တဲ့အတြက္ ကစားရတာ ေပ်ာ္ဖို႔ ပိုေကာင္းပါတယ္။ ဟီးရိုးေတြကို ထုံးစံအတုိင္း In-game Currency နဲ႔ Unlock ျပဳလုပ္ရမွာျဖစ္ၿပီး မေစာင့္ခ်င္တဲ့သူေတြကေတာ့ ဝယ္ကစားၾကရဦးမွာပါ။