Meta က User Engagement ကောင်းစေဖို့အတွက် Facebook နဲ့ Instagram မှာ AI User တွေကို ထည့်သွင်းတော့မယ်လို့ ကုမ္ပဏီရဲ့ အရာရှိတွေက ပြောပါတယ်။
အဲဒီ AI User တွေဟာ သာမာန် အကောင့်တွေနဲ့ တူညီပြီး ပရိုဖိုင် ဓါတ်ပုံနဲ့ ကိုယ်ရေး အချက်အလက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ Content တွေကို ဖန်တီးနိုင်၊ မျှဝေနိုင်မှာ ဖြစ်ပါတယ်။
Meta ရဲ့ Generative AI ဌာနရဲ့ ဒုတိယ ဥက္ကဋ္ဌ Connor Hayes က ဇူလိုင်လမှာ အမေရိကန်မှာ AI User တွေကို ထည့်သွင်းပေးထားပြီး AI User ထောင်ပေါင်းများစွာကို ဖန်တီးထားတယ်လို့ ပြောပါတယ်။
Snapchat မှာ AI Lens အသုံးပြုမှုဟာ ၅၀ ရာခိုင်နှုန်း တိုးတက်လာပြီး TikTok မှာ AI ကြော်ငြာတွေကို စမ်းသပ်ပြီးနောက်မှာ Meta ကလည်း အခုလို ပြုလုပ်ပေးတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် AI User တွေနဲ့ ပတ်သက်ပြီး စိုးရမ်စရာတွေ ရှိပါတယ်။ မှားယွင်းတဲ့ သတင်းအချက်အလက်နဲ့ အရည်အသွေးနိမ့်တဲ့ AI Content တွေ ထွက်ပေါ်လာနိုင်ပါတယ်။ အဲဒီအတွက် Meta က AI Content တွေကို Label တပ်ထားမှာ ဖြစ်ပါတယ်။