Microsoft ကနေ မနှစ်တုန်းက Surface Product အသစ်တွေဖြစ်တဲ့ Surface Pro 7 Tablet အပြင် Surface Laptop 3 ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အခုလည်း နောက်ထပ် Surface Product တွေဖြစ်တဲ့ Surface Go 2 Tablet နဲ့ Surface Book 3 တို့ကို မိတ်ဆက်လာဦးမှာပါ။

Microsoft Surface Go ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာတော့ Intel Pentium Gold Processor ကိုပဲ အသုံးပြုထားတယ်ဆိုပေမယ့် စျေးနှုန်းအနေနဲ့ $399 (မြန်မာငွေ ၅ သိန်း ၈ သောင်းဝန်းကျင်) ပဲကျသင့်တဲ့အတွက် အောင်မြင်ခဲ့တဲ့ Product တစ်ခုလို့ ပြောနိုင်ခဲ့ပါတယ်။

လက်ရှိထွက်ရှိနေတဲ့သတင်းတွေအရတော့ Microsoft ကနေ နှစ်စပိုင်းမှာ Surface Go 2 နဲ့ Surface Book 3 တွေကို မိတ်ဆက်သွားမယ့် Event တစ်ခုကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Microsoft Surface Book 3 မှာ Intel 10th Gen Processor နဲ့အတူ Nvidia ရဲ့ GTX 1650 Graphic Card တွေပါဝင်လာပြီး စွမ်းဆောင်ရည်အကောင်းဆုံး Surface Product တစ်ခုဖြစ်လာမှာပါ။

Microsoft Surface Go 2 Tablet ကတော့ မနှစ်တုန်းကလိုမျိုးပဲ $399 ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး Surface Pro X လိုမျိုး Qualcomm Snapdragon Processor တွေအစား Intel Processor တွေကိုပဲ ဆက်လက်သုံးစွဲလာမှာဖြစ်ပါတယ်။ ဒါပေမယ့် Pentium Gold Processor အသစ်တွေအပြင် ပိုမိုမြန်ဆန်တဲ့ Intel Core M Processor တွေကိုပါ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ပုံမှန် ကျောင်းသုံး၊ ရုံးသုံးအတွက် ပေါ့ပေါ့ပါးပါးနဲ့ စျေးသက်သာတဲ့ Windows Tablet တစ်ခုကိုလိုချင်တယ်ဆိုရင်တော့ ဒီ Surface Go 2 Tablet က စောင့်ကြည့်သင့်တဲ့ Product တစ်ခုဖြစ်လာမှာပါ။

Ref – Phone Arena