Microsoft ဟာ Ignite 2022 ကွန်ဖရင့်မှာ Surface PC အမျိုးအစားသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါမိတ်ဆက်မှုမှာ အမည်မဖော်ပြထားတဲ့ Windows user interface တစ်ခုရဲ့ Screenshot ကို မျှဝေခဲ့ပါတယ်။ ဒါဟာ Windows 12 UI ရဲ့ preview ကို သိရှိလာရစေပါတယ်။
မကြာခင် အသစ်ထွက်လာတော့မဲ့ Windows နဲ့ပတ်သက်တဲ့ သတင်းတွေထဲမှာ Windows Central က အကောင်းဆုံးလို့ ဆိုနိုင်ပါတယ်။ Windows 12 ကို ၂၀၂၄ ခုနှစ်မှ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Windows 12 ရဲ့ Interface ဟာ လက်ရှိသုံးစွဲနေတဲ့ Windows နဲ့ မတူဘူးလို့ ဆိုရမှာပါ။ ရလဒ်အနေနဲ့ Floating taskbar ဟာ မျက်နှာပြင်ရဲ့ အောက်ပိုင်းမှာ တည်ရှိပါတယ်။ စနစ် အိုင်ကွန်တွေဟာ ညာဘက်ထောင့်မှာ ရှိနေပါတယ်။ Floating search field ကတော့ ပုံရဲ့ အပေါ်ဘက်အလယ်တည့်တည့်မှာရှိနေပြီး Weather ကတော့ ဘယ်ဘက်အပေါ်ထောင့်မှာ ရှိနေပါတယ်။
အခုမြင်တွေ့ရတဲ့ပုံဟာ Windows Central က ဒီဇိုင်းပြန်ရေးလိုက်တဲ့ပုံဖြစ်ပေမဲ့ Microsoft က မတော်တဆ ဖော်ပြမိတဲ့အတိုင်း အနီးစပ်ဆုံးဖြစ်ပါတယ်။ UI သစ်ဟာ Touch-friendly ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ လက်ရှိပုံဟာ Windows 12 ရဲ့ နောက်ဆုံးပေါ် တည်ဆောက်မှုလည်း ဟုတ်ပုံမရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် Microsoft ရဲ့ OS ဟာ ဘယ်ကိုဦးတည်နေတယ်ဆိုတဲ့အကြောင်း အနည်းအကျဉ်းတော့ ညွှန်ပြနိုင်မယ်လို့ ယုံကြည်ရပါတယ်။
Ref: Gizchina