Zawgyi Font Version



Ref: Gizmo China

Unicode Version
Mid-Range စမတ်ဖုန်းဈေးကွက်မှာ အကြီးအကျယ်အောင်မြင်မှုရရှိသွားတဲ့ Max Pro M1 ကိုရောင်းချလို့အပြီးမှာ ထိုင်ဝမ်အခြေစိုက် နည်းပညာကုမ္ပဏီကြီး ASUS ကနေ Max Pro M2 နဲ့ Max M2 ကို ဆက်လက်ထုတ်လုပ်နေပါပြီ။ ASUS ဟာမကြာသေးခင်ကပဲ ရုရှားနိုင်ငံမှာရှိတဲ့ ECC လို့ခေါ်တဲ့ Eurasian Economic Commission ကနေ ASUS Zenfone Max M2 နဲ့ Max Pro M2 ကိုထုတ်လုပ်တင်သွင်းခွင့်ရယူခဲ့ပါတယ်။

အဆိုပါ Certificate အရ ASUS ရဲ့ နောက်ထုတ်မယ့် စမတ်ဖုန်း နှစ်လုံးရဲ့ နာမည်တွေနဲ့ အတူ မော်ဒယ် နံပါတ် တွေပါ မြင်တွေ့ရပါတယ်။ Zenfone Max M2 ရဲ့ မော်ဒယ် နံပါတ်က ZB633KL ဖြစ်ပြီး Max Pro M2 ရဲ့မော်ဒယ် နံပါတ်ကတော့ ZB631KL ဖြစ်ပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ Android Oreo တစ်ပါတည်းထည့်သွင်းပေးထားမှာဖြစ်ပြီး Android Pie နဲ့မလာတာကတော့ အသုံးပြုသူတွေကို စိတ်ပျက်စေပါတယ်။ Google ဟာ Android Pie ရဲ့ နောက်ဆုံး Stable ဗားရှင်းကို တရားဝင်ထုတ်ပေးခဲ့တာ အနည်းငယ်ကြာပြီဖြစ်တဲ့အတွက် Android Pie ကို တစ်ပါတည်း ထည့်သွင်းပေးသင့်ပါတယ်။

ဒါပေမယ့် Android Pie ရဲ့ Feature အစုံအလင်ကိုရရှိဖို့ အတွက် နောက်ထွက် Android Pie Update တွေကိုစောင့်ရမှာပါ။ Feature တွေမစုံသေးတဲ့အတွက် Android Pie မထည့်ပေးသေးတာ ဖြစ်နိုင်ပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းပေါက်ကြားမှုအရ မော်ဒယ် နံပါတ်တွေနဲ့ အသုံးပြုထားတဲ့ Operating System က လွဲလို့ ကျန်တဲ့ Spec တွေမသိရသေးပေမယ့် Snapdragon 636 သို့မဟုတ် 660 အသုံးပြုပေးထားပြီး Notch ပါတဲ့ Display ကိုအသုံးပြုနိုင်ပါတယ်။ ဘက်ထရီ ပမာဏကတော့ Max Pro M1 အတိုင်း ကြီးမားတဲ့ 5,000mAh ဘက်ထရီပါဝင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref: Gizmo China