Monument Valley ဂိမ်းဟာ လက်ရှိ Mobile Games တွေထဲမှာ တော်တော်လေးကို ဆော့လို့ကောင်းတဲ့ ဂိမ်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီးတော့ အထူးသဖြင့် iOS Devices တွေအသုံးပြုသူတွေအနေနဲ့ အမြဲတမ်းလိုလို ဆော့ကစားတတ်တဲ့ Mobile Game တစ်ခုလည်းဖြစ်ပါတယ်။
အခုလိုမျိုး ဆော့ကစားသူများပြားပြီး Apple App Store မှာရော၊ Google Play Store မှာရော ထိပ်တန်းအဆင့်မှာရှိနေတဲ့ ဂိမ်းတစ်ခုကို အခုအချိန်မှာ ရုပ်ရှင်အနေနဲ့ပါ မြင်ရတော့မှာဖြစ်ပါတယ်။ အခုသတင်းကို လက်ရှိ ရုပ်ရှင်တွေနဲ့ Animation တွေကို ရိုက်ကူးနေတဲ့ Paramount Pictures ကနေ ရိုက်ကူးမှာဖြစ်တယ်လို့လည်း သိရပါတယ်။ Paramount Pictures အပြင် Weed Road Pictures ကလည်း အတူပါဝင်မှာပါ။
The rumours are correct. There's going to be a Monument Valley movie! In collaboration with Paramount Pictures and Patrick Osborne. We couldn't be more excited. https://t.co/j2riIGZfru pic.twitter.com/XGPBabM3z5
— ustwo games (@ustwogames) August 22, 2018
နောက်ထပ်ထွက်ပေါ်လာတဲ့သတင်းတစ်ခုကတော့ အခု Monument Valley ဂိမ်းဟာ Live Action နဲ့ CGI Animation တွေကို ပေါင်းစပ်ပြီး ထုတ်ပေးသွားမှာဖြစ်ပြီးတော့ အခုမှ Screenwriter နဲ့ Screenplay တို့နဲ့အတူ ဇတ်ကားထုတ်လုပ်နိုင်အောင် ဆောင်ရွက်နေတုန်းဖြစ်တယ်လို့ သိရပါတယ်။
အခုလိုမျိုး နာမည်ကြီးဂိမ်းတွေကို ရုပ်ရှင်အဖြစ်မြင်ရတာက အခုက ပထမဆုံးမဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းကလည်း Angry Birds ဂိမ်းကို Columbia Pictures ကနေ ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရရှိခဲ့သေးတာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခု Monument Valley ဂိမ်းရုပ်ရှင်ကလည်း အောင်မြင်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။