Unicode

လက်ရှိအချိန်မှာ Samsung ရဲ့ Galaxy Note Series စမတ်ဖုန်းတွေပဲ Stylus ပါဝင်တဲ့ စမတ်ဖုန်းတွေကို ရောင်းချနေတာဖြစ်ပါတယ်။ ယခင်တုန်းက LG ကနေ Stylus ပါဝင်တဲ့ စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ဖူးပေမယ့် အခုနောက်ပိုင်းမှာတော့ ဆက်ပြီး ထုတ်လုပ်ခြင်းမရှိတော့ပါဘူး။

အခုလည်း Motorola ကနေ Stylus ပါဝင်တဲ့ စမတ်ဖုန်းအသစ်တစ်လုံးကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ ဒီသတင်းကို နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Evan Blass ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ဖုန်းမော်ဒယ်အပါအဝင် ပါဝင်လာမယ့် Specification တွေကိုတော့ မသိရှိရသေးပါဘူး။

ဒီ Motorola စမတ်ဖုန်းဟာ Design အရ Stylus အပြင် Curved Corner တွေပါဝင်တဲ့ Display နဲ႔အတူ Selfie Camera ကို Punch-hole Design ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ အဲ့ဒီအတွက် Budget ဖုန်းတစ်လုံးထက် Mid Range သို့မဟုတ် High End ဖုန်းတစ်လုံးဖြစ်လာနိုင်ခြေများနေပါတယ်။

Evan Blass ရဲ့ ပြောကြားချက်အရတော့ အဆိုပါ စမတ်ဖုန်းဟာ Motorola ကနေ မိတ်ဆက်လာမယ့် Flagship ဖုန်းဖြစ်တဲ့ Motorola Edge+ မဟုတ်ဘူးလို့ သိရပြီးတော့ ရောင်းချတဲ့အချိန်မှာ Android 10 OS ကို အသုံးပြုထားမယ်လို့ သိရပါတယ်။

Ref – Gizmo China

Zawgyi

လက္ရွိအခ်ိန္မွာ Samsung ရဲ႕ Galaxy Note Series စမတ္ဖုန္းေတြပဲ Stylus ပါဝင္တဲ့ စမတ္ဖုန္းေတြကို ေရာင္းခ်ေနတာျဖစ္ပါတယ္။ ယခင္တုန္းက LG ကေန Stylus ပါဝင္တဲ့ စမတ္ဖုန္းေတြကို မိတ္ဆက္ခဲ့ဖူးေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ ဆက္ၿပီး ထုတ္လုပ္ျခင္းမရွိေတာ့ပါဘူး။

အခုလည္း Motorola ကေန Stylus ပါဝင္တဲ့ စမတ္ဖုန္းအသစ္တစ္လုံးကို မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ ဒီသတင္းကို နာမည္ႀကီး Leakster တစ္ဦးျဖစ္တဲ့ Evan Blass ကေန ေဖာ္ျပခဲ့တာျဖစ္ၿပီး ဖုန္းေမာ္ဒယ္အပါအဝင္ ပါဝင္လာမယ့္ Specification ေတြကိုေတာ့ မသိရွိရေသးပါဘူး။

ဒီ Motorola စမတ္ဖုန္းဟာ Design အရ Stylus အျပင္ Curved Corner ေတြပါဝင္တဲ့ Display  Selfie Camera ကို Punch-hole Design ျပဳလုပ္ထားတာကိုေတြ႕ရပါတယ္။ အဲ့ဒီအတြက္ Budget ဖုန္းတစ္လုံးထက္ Mid Range သို႔မဟုတ္ High End ဖုန္းတစ္လုံးျဖစ္လာႏိုင္ေျခမ်ားေနပါတယ္။

Evan Blass ရဲ႕ ေျပာၾကားခ်က္အရေတာ့ အဆိုပါ စမတ္ဖုန္းဟာ Motorola ကေန မိတ္ဆက္လာမယ့္ Flagship ဖုန္းျဖစ္တဲ့ Motorola Edge+ မဟုတ္ဘူးလို႔ သိရၿပီးေတာ့ ေရာင္းခ်တဲ့အခ်ိန္မွာ Android 10 OS ကို အသုံးျပဳထားမယ္လို႔ သိရပါတယ္။

Ref – Gizmo China