တကယ်လို့ NFT တွေအကြောင်းကို အနည်းငယ်လေ့လာထားတဲ့ သူတစ်ယောက်ဆိုရင် OpenSea NFT Marketplace ကို သိပြီးဖြစ်မှာပါ။ လက်ရှိ NFT Marketplace တွေထဲမှာ အကြီးမားဆုံးဖြစ်တဲ့ OpenSea ဟာ ApeCoin တွေကို စတင်လက်ခံနေပြီလို့ သိရပါတယ်။

ApeCoin ဆိုတာကတော့ နာမည်ကြီး NFT Collection တစ်ခုဖြစ်တဲ့ Bored Ape Yacht Club Ecosystem ရဲ့ Main Token တစ်ခုဖြစ်ပြီး Metaverse Game Experience တစ်ခုဖြစ်တဲ့ Otherside အတွက် အဓိကအသုံးပြုနေတဲ့ Currency တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် အခုလိုမျိုး OpenSea အနေနဲ့ လက်ခံပေးလိုက်တာက Bored Ape Yacht Club Ecosystem ထဲက User တွေအတွက် ပိုပြီး အဆင်ပြေသွားစေမှာပါ။

နောက်ထပ်အားသာချက်တစ်ခုကတော့ အခုလိုမျိုး ApeCoin ကိုလက်ခံလိုက်တဲ့အတွက် Yuga Labs သို့မဟုတ် Bored Ape Yacht Club ကနေ Develop ပြုလုပ်ထားတာတွေမဟုတ်ဘဲ တခြားသော Web3 App တွေကနေလည်း အသုံးပြုသူတွေအနေနဲ့ Transaction တွေပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ApeCoin တွေဟာ လက်ရှိအချိန်မှာ ၂၈၄ သန်းကျော်အသုံးပြုနေပြီးတော့ အများဆုံး Supply အနေနဲ့ ၁ ဘီလီယံရှိတယ်လို့ သိရပါတယ်။

အဲ့ဒီလိုမျိုးပဲ Otherside ကလည်း Animoca Brand တွေနဲ့ပူးပေါင်းပြီး ဖန်တီးထားတဲ့ Metaverse Game Experience တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ Market Capitalization အနေနဲ့ကြည့်မယ်ဆိုရင် ApeCoin ဟာ အကြီးမားဆုံး Metaverse Token တစ်ခုဖြစ်ပြီး ApeCoin တစ်ခုကို ဒေါ်လာ ၁၈.၅၆ တန်ကြေးရှိမှာဖြစ်ပါတယ်။ ApeCoin ဟာ ၂၄ နာရီအတွင်းမှာ Trading ပြုလုပ်မှုပေါင်း ဒေါ်လာ ၅ ဘီလီယံကျော်ရှိနေတာဖြစ်ပါတယ်။

Ref – The Street