HMD Global ဟာ လက်ရှိအချိန်မှာ Nokia စမတ်ဖုန်းတွေကို အများအပြားထုတ်လုပ်နေသလို Software Update ပိုင်းမှာပါ တခြားသော စမတ်ဖုန်းတွေနဲ့ ယှဥ်ရင် ပိုပြီးမြန်မြန်ဆန်ဆန် Update ရရှိနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း Nokia X10 နဲ့ X20 ဖုန်းတွေအတွက် Android 12 Update ကို ထုတ်ပေးခဲ့ပါသေးတယ်။

အခုလည်း HMD Global ကနေ Nokia G50 စမတ်ဖုန်းအတွက် Android 12 Update ကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Nokia G50 ဖုန်းဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်းကမှ တရားဝင်မိတ်ဆက်ထားတာဖြစ်တာကြောင့် အခုလိုမျိုး Android 12 Update ရရှိဖို့ အချိန်ခဏပဲ စောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

Nokia G50 ဖုန်းဟာ Mid Range ဖုန်းတစ်လုံးဖြစ်ပြီး 6.82″ HD+ Display ၊ Qualcomm Snapdragon 480 Chipset နဲ့ 48MP Triple Camera Setup တွေပါဝင်မှာဖြစ်ပါတယ်။ အခု Android 12 Update ဟာ Global အနေနဲ့ ထွက်ရှိထားတာမဟုတ်သေးဘဲ Finland နဲ့ တခြားသော ဥရောပနိုင်ငံတွေမှာပဲ အရင်ဆုံးရရှိဦးမှာဖြစ်ပါတယ်။

ဒါကြောင့် တခြားသော Region တွေအတွက်ကတော့ Android 12 Update ကို ရရှိဖို့အတွက် အချိန်အနည်းငယ်စောင့်ဆိုင်းရဦးမှာပါ။ Update File Size အနေနဲ့ကတော့ 2.09GB ဝန်းကျင်ရှိမှာဖြစ်ပြီး Version Number အနေနဲ့ V2.160 ဆိုပြီး ထွက်ရှိလာတာဖြစ်ပါတယ်။ အဆိုပါ Update နဲ့အတူ November 2021 Android Security Patch လည်းပါဝင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Mid Range ဖုန်းတွေပါ နောက်ဆုံးထွက် Android 12 Update ကိုအသုံးပြုနိုင်တာက Nokia ဖုန်းတွေရဲ့ အားသာချက်လို့ ပြောရမှာဖြစ်ပါတယ်။

Ref – GSM Arena