အခုနောက်ပိုင်းမှာ စမတ်ဖုန်းထုတ်လုပ်သူတွေက Fast Charging နည်းပညာတွေကို ဆက်တိုက်မိတ်ဆက်နေသလိုပဲ Fast Charger တွေကိုလည်း မျိုးစုံထည့်သွင်းလာပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့လပိုင်းတုန်းကလည်း OPPO ကနေ 100W နဲ့အထက် Fast Charger တွေကို မိတ်ဆက်ခဲ့ပါသေးတယ်။

အခုလည်း ZTE ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Nubia ကနေ 65W USB-C Charger အသစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ Charger အသစ်ဟာ အသုံးများလာတဲ့ Gallium Nitride (GaN) နည်းပညာကို အသုံးပြုထားတဲ့အတွက် အရွယ်အစားသေးငယ်သလို အရောင်တွေအနေနဲ့လည်း လှပနေတာကိုတွေ့ရပါတယ်။

Nubida ကတော့ 65W GaN Charger Candy ဆိုပြီး နာမည်ပေးထားပြီး အရောင်တွေအနေနဲ့လည်း Ice Crystal Blue ၊ Mint Green ၊ Cream Yellow နဲ့ Peach Powder ဆိုပြီး ၄ မျိုးရွေးချယ်နိုင်မှာပါ။ USB-C Output ၁ ပေါက်ပဲ ပါဝင်မှာဖြစ်သလို Plug ကိုလည်း ခေါက်သိမ်းထားနိုင်မယ်လို့ သိရပါတယ်။ လုံခြုံရေးပိုင်းအတွက်လည်း 9-layer Protection ပါဝင်မှာဖြစ်ပါတယ်။

အဆိုပါ 65W GaN Charger Canday ဟာ USB-PD (Power Delivery) with PPS (Programmable Power Supply) ၊ AFC (Samsung Adaptive Fast Charging) ၊ SCP (Huawei Super Charge) ၊ FCP (HiSilicon Fast Charging Protocol) နဲ့ QC 3.0 (Qualcomm Quick Charge) စတဲ့ Fast Charging နည်းပညာတွေကို အကုန်လုံးကို Support ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက် Charger တစ်ခုထဲနဲ့ Device အများအပြားကို ပြန်လည်အားသွင်းနိုင်မှာပါ။

Nubia ကနေ 65W GaN Charger Candy ကို စျေးနှုန်းအနေနဲ့ ၁၁၉ ယွမ်နဲ့ ရောင်းချသွားမှာဖြစ်ပြီး မြန်မာငွေအနေနဲ့ ၂ သောင်း ၂ ထောင်ဝန်းကျင်ပဲ ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China