Foldable စမတ်ဖုန်းတွေကို လူကြိုက်များလာပြီး ဈေးကွက်ဝေစု မြင့်မားလာပါတယ်။ အဲဒီအတွက် ကုမ္ပဏီတွေက Foldable နယ်ပယ်ထဲကို ဝင်ရောက်လာကြပါတယ်။ အခုတော့ Nubia Flip 5G ကို MWC 2024 မှာ ကြေညာလိုက်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်း ဖြစ်ပါတယ်။

nubia Flip 5G debuts at MWC 2024 - GSMArena.com news

Flip 5G မှာ 6.9” Foldable OLED မျက်နှာပြင် တပ်ဆင်ထားပြီး 1,188×2,790p Resolution နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 1.43” Cover 466x466p မျက်နှာပြင် ပါလာပြီး 50MP Main ကင်မရာနဲ့ ဆဲလ်ဖီး ရိုက်ရင် ကင်မရာ Viewfinder လို သုံးနိုင်သလို ဖုန်းခေါ်တာ၊ မီဒီယာတွေကို ထိန်းချုပ်တာ၊ ရာသီဥတု သတင်းအချက်အလက်ပြတာနဲ့ တခြားအလုပ်တွေ လုပ်နိုင်ပါတယ်။

Nubia to launch its first foldable, the Flip 5G at MWC 2024

ကုမ္ပဏီက Hinge ဟာ အကြိမ်ပေါင်း ၂၀၀,၀၀၀ ကျော် ခေါက်ချိုးနိုင်တယ်လို့ ပြောပါတယ်။ ဖုန်း အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ပါပါတယ်။ 33W Charging ထောက်ပံ့တဲ့ 4,310mAh Battery တပ်ဆင်ထားပါတယ်။

တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၅၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ဈေးကွက်ထဲမှာ ဈေးအချိုဆုံး Foldable ဖုန်း ဖြစ်လာမှာပါ။ Black နဲ့ Gold အရောင်တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ရောင်းချမယ့် အချိန်နဲ့ နိုင်ငံတွေကို မပြောသေးပါဘူး။

Ref : gsmarena