ZTE က Mobile World Congress (MWC) မှာ ထုတ်ကုန်များစွာကို ကြေညာလိုက်ပြီး nubia Neo 3 နဲ့ Neo 3 GT တန်ဖိုးနည်း Gaming ဖုန်း ၂ လုံး ပါပါတယ်။ nubia Flip2 Clamshell Foldable ကိုလည်း နိုင်ငံတကာအတွက် မိတ်ဆက်လိုက်ပါတယ်။ ကင်မရာ အသားပေး nubia Focus 2 နဲ့ Focus 2 Ultra ကိုလည်း ပြသလိုက်ပါတယ်။ Red Magic Pad 3D Explorer Edition တက်ဘလက်လည်း ပါပါတယ်။

nubia Neo 3 နဲ့ 3 GT ဟာ တန်ဖိုးနည်းပေမယ့် Touch-sensitive Shoulder Triggers နဲ့ ကြီးမားတဲ့ Display , 120Hz Refresh Rate ပါလာပါတယ်။ Neo 3 မှာ Unisoc T8300 Chip နဲ့ 6.8” 120Hz Display တပ်ဆင်ထားပါတယ်။ နိုင်ငံပေါ် မူတည်ပြီး 5,200 or 6,000mAh Battery နဲ့ 33W Fast Charging ထည့်ထားပါတယ်။

Neo 3 GT မှာ Chipset ကို Unisoc T9100 နဲ့ အဆင့်မြှင့်ထားပြီး အပူချိန်လျှော့ချပေးတဲ့ Vapor Chamber ပါလာပါတယ်။ 6.8” 120Hz OLED Display တပ်ထားပြီး နိုင်ငံပေါ် မူတည်ကာ 5,000 or 6,000mAh Battery ပါပါတယ်။

nubia Focus 2 မှာ 108MP Main ကင်မရာနဲ့ 6.7” Display ပါပါတယ်။ AI Sport Snapshot လို ကင်မရာအတွက် AI Feature တွေ ထည့်ထားပါတယ်။ nubia Focus 2 Ultra မှာ ပိုကြီးတဲ့ 1/1.55” Sensor နဲ့ ကြီးမားတဲ့ f/1.47 Aperture ပါလာပါတယ်။ 6.8” OLED 120Hz Display , 5,000mAh Battery , 33W Charging ထည့်ထားပါတယ်။ ထူးခြားတာက အနောက်ကင်မရာ ပတ်လည်မှာ Zoom In/Out လုပ်နိုင်တဲ့ Rotating Bezel ပါလာပါတယ်။

nubia Flip2 ကို နိုင်ငံတကာအတွက် ကြေညာလိုက်ပြီး MediaTek Dimensity 7300X SoC , 6.9” 120Hz Foldable OLED တပ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး 8/128GB Version ကို ၆၉၉ ယူရို သတ်မှတ်ထားပါတယ်။

nubia က Red Magic Pad 3D Explorer Edition တက်ဘလက်ကိုလည်း ကြေညာလိုက်ပြီး စွမ်းရည်မြင့် Snapdragon 8 Gen 2 SoC , 12.1” Display , 10,000mAh Battery တပ်ထားပါတယ်။ နာမည်မှာ Pad 3D လို့ပါတဲ့အတိုင်း မျက်မှန်မလိုဘဲ ကြည့်နိုင်တဲ့ 3D Display ထည့်ထားပါတယ်။ AI ကို အသုံးပြုပြီး ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို  2D Object တွေကနေ 3D ပြောင်းပေးနိုင်ပါတယ်။

Ref : gsmarena