ZTE က nubia Red Magic 5G နဲ့ Red Magic 5G Lite တို့လို စမတ်ဖုန်း အသစ်တွေကို ရောင်းချနေပေမယ့် ဖုန်း အဟောင်းတွေကို မမေ့ထားပါဘူး။ အခုဆိုရင် အရင်နှစ်ထုတ် nubia Red Magic 3 အတွက် Android 10 Update ကို ဖြန့်ချိပေးလိုက်ပြီ ဖြစ်ပြီး nubia ရဲ့ Skin အသစ် ထည့်သွင်းထားပါတယ်။ အဲဒီ Skin ရဲ့ နာမည်က Redmagic 3.0 ဖြစ်ပြီး Android 9 Pie အခြေပြု Redmagic 2.0 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။

Nubia Red Magic 3 အတွက် Android 10 Update ကို လက်ရှိမှာ တရုတ်မှာပဲ ဖြန့်ချိပေးထားတာ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းထားတဲ့ မော်ဒယ်တွေအတွက် မကြာခင် ရရှိမယ်လို့ ထင်ပါတယ်။ Update မှာ Game Space အသစ်ထည့်သွင်းထားပြီး Screen Mirroring က ပိုကောင်းလာပါတယ်။ Neo AI Smart System ကို အဆင့်မြှင့်ထားပြီး PIP နဲ့ Split-screen Multitasking တွေ ပိုမိုက်လာပါတယ်။

Dark Mode ထည့်သွင်းထားပြီး Animations အသစ်တွေ ပါလာပါတယ်။  Visual Effects တွေ ပိုချောမွတ်လာပြီး တခြား တိုးတက်မှုများစွာ ထည့်သွင်းထားပါတယ်။ တချို့ လုပ်ဆောင်ချက်တွေကိုတော့ နိုင်ငံတကာ မော်ဒယ်တွေမှာ မရရှိနိုင်ပါဘူး။

Ref : gsmarena