Zawgyi

OnePlus 6T ဟာ တ႐ုတ္ဖုန္း ကုမၸဏီႀကီး OnePlus အတြက္ေတာ့ ေအာင္ျမင္မႈေတြယူေဆာင္ေပးလာတဲ့ ဖုန္းတစ္လုံးလို႔ဆိုရမွာပါ။ OnePlus က ထုတ္ဖူးသမွ်ထဲမွာ အေကာင္းဆုံး၊ Screen အႀကီးဆုံး၊ နည္းပညာ အျမင့္ဆုံးနဲ႕ ဘက္ထရီ အႀကီးဆုံး ဖုန္းတစ္လုံးပါ။ ဒါ့အျပင္ ေစ်းအႀကီးဆုံး OnePlus ဖုန္းလည္း ျဖစ္ပါတယ္။ အေမရိကားရဲ႕ နာမည္ႀကီး Network Carrier ေတြနဲ႕ တြဲဖက္ေရာင္းခ်တဲ့ ပထမဆုံး OnePlus ဖုန္းလဲ ျဖစ္ပါတယ္။ ဒါ့ေပမယ့္ အခု ေလာေလာဆယ္ေတာ့ OnePlus 6T အသုံး ျပဳသူ တခ်ိဳ႕ ဘက္ထရီ အကုန္ျမန္တဲ့ ျပႆနာ ေတြ႕ႀကဳံေနရတယ္လို႔ သိရပါတယ္။

နာမည္ႀကီး အြန္လိုင္း ဖိုရမ္တစ္ခု ျဖစ္တဲ့ Reddit မွာ ပိုစ့္တင္ၿပီး OnePlus 6T ရဲ႕ ဘက္ထရီ အကုန္ျမန္တဲ့ ျပႆနာအေၾကာင္း ေဆြးေႏြးေျပာဆိုေနၾကတဲ့ သူေတြ တစ္ပုံတစ္ေခါင္းပါပဲ။ အဆိုပါ ျပႆနာဟာ Software ျပႆနာလား၊ Factory Fault လားဆိုတာ ေသခ်ာ မသိရေသးပဲ ပို႔စ္တင္တဲ့ သူေတြကေတာ့ ဘက္ထရီ အကုန္ျမန္တဲ့ ျပႆနာျဖစ္ေပၚတဲ့ အခ်ိန္ခ်င္းတူေနပါတယ္တဲ့။ OnePlus 6T အသုံးျပဳသူ တစ္ေယာက္ရဲ႕ ေျပာၾကားခ်က္အရေတာ့ သူ႕ရဲ႕ OnePlus 6T ဟာ လြန္ခဲ့တဲ့ တစ္ရက္၊ႏွစ္ရက္ေလာက္ကစၿပီး ဘက္ထရီ မခံေတာ့တာျဖစ္ၿပီး ဘက္ထရီ 80% ကေန ေနာက္ပိုင္းထိ အရမ္းအားကုန္ျမန္လာပါတယ္တဲ့။

အသုံးျပဳသူ ေနာက္တစ္ေယာက္ကေတာ့ ဘက္ထရီအကုန္ျမန္တဲ့ ျပႆနာကိုေတာ့ ေတြ႕ႀကဳံရျခင္းမရွိပဲ အပူလြန္ကဲတဲ့ ျပႆနာကို ႀကဳံေနရတယ္လို႔ ဆိုပါတယ္။ သူ႕ရဲ႕ OnePlus 6T ကို လြန္ခဲ့တဲ့ တစ္ပတ္ေလာက္ ကမွ ဝယ္ယူထားတာျဖစ္တယ္လို႔ သိရပါတယ္။ အဆိုပါ ျပႆနာေတြနဲ႕ ပတ္သက္လို႔ OnePlus ဘက္ကေတာ့ တရားဝင္ အေၾကာင္းျပန္ျခင္းမရွိေသးပါဘူး။ တစ္ကယ္လို႔သာ Factory Fault ဆိုရင္ေတာ့ OnePlus ဘက္ကေန အလုံးလိုက္ျပန္လဲေပးရကိန္းရွိေနပါၿပီ။ လတ္တေလာနာမည္ရေနတဲ့ သူ႕ ဂုဏ္သတင္းကို ေမွးမွိန္မသြားေစခ်င္ရင္ေပါ့။

ျပည္တြင္း အသုံးျပဳသူေတြလဲ OnePlus 6T မွာ ဘက္ထရီ အကုန္ျမန္တဲ့ ျပႆနာ ႀကဳံေနရလား၊ ပုံမွန္ပဲလားဆိုတာ ေျပာျပသြားပါဦး။

Ref: Gizmo China

Unicode

ဘက်ထရီ အကုန်မြန်နေတဲ့ OnePlus 6T များ

OnePlus 6T ဟာ တရုတ်ဖုန်း ကုမ္ပဏီကြီး OnePlus အတွက်တော့ အောင်မြင်မှုတွေယူဆောင်ပေးလာတဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ OnePlus က ထုတ်ဖူးသမျှထဲမှာ အကောင်းဆုံး၊ Screen အကြီးဆုံး၊ နည်းပညာ အမြင့်ဆုံးနဲ့ ဘက်ထရီ အကြီးဆုံး ဖုန်းတစ်လုံးပါ။ ဒါ့အပြင် စျေးအကြီးဆုံး OnePlus ဖုန်းလည်း ဖြစ်ပါတယ်။ အမေရိကားရဲ့ နာမည်ကြီး Network Carrier တွေနဲ့ တွဲဖက်ရောင်းချတဲ့ ပထမဆုံး OnePlus ဖုန်းလဲ ဖြစ်ပါတယ်။ ဒါ့ပေမယ့် အခု လောလောဆယ်တော့ OnePlus 6T အသုံး ပြုသူ တချို့ ဘက်ထရီ အကုန်မြန်တဲ့ ပြဿနာ တွေ့ကြုံနေရတယ်လို့ သိရပါတယ်။

နာမည်ကြီး အွန်လိုင်း ဖိုရမ်တစ်ခု ဖြစ်တဲ့ Reddit မှာ ပိုစ့်တင်ပြီး OnePlus 6T ရဲ့ ဘက်ထရီ အကုန်မြန်တဲ့ ပြဿနာအကြောင်း ဆွေးနွေးပြောဆိုနေကြတဲ့ သူတွေ တစ်ပုံတစ်ခေါင်းပါပဲ။ အဆိုပါ ပြဿနာဟာ Software ပြဿနာလား၊ Factory Fault လားဆိုတာ သေချာ မသိရသေးပဲ ပို့စ်တင်တဲ့ သူတွေကတော့ ဘက်ထရီ အကုန်မြန်တဲ့ ပြဿနာဖြစ်ပေါ်တဲ့ အချိန်ချင်းတူနေပါတယ်တဲ့။ OnePlus 6T အသုံးပြုသူ တစ်ယောက်ရဲ့ ပြောကြားချက်အရတော့ သူ့ရဲ့ OnePlus 6T ဟာ လွန်ခဲ့တဲ့ တစ်ရက်၊နှစ်ရက်လောက်ကစပြီး ဘက်ထရီ မခံတော့တာဖြစ်ပြီး ဘက်ထရီ 80% ကနေ နောက်ပိုင်းထိ အရမ်းအားကုန်မြန်လာပါတယ်တဲ့။

အသုံးပြုသူ နောက်တစ်ယောက်ကတော့ ဘက်ထရီအကုန်မြန်တဲ့ ပြဿနာကိုတော့ တွေ့ကြုံရခြင်းမရှိပဲ အပူလွန်ကဲတဲ့ ပြဿနာကို ကြုံနေရတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ OnePlus 6T ကို လွန်ခဲ့တဲ့ တစ်ပတ်လောက် ကမှ ဝယ်ယူထားတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြဿနာတွေနဲ့ ပတ်သက်လို့ OnePlus ဘက်ကတော့ တရားဝင် အကြောင်းပြန်ခြင်းမရှိသေးပါဘူး။ တစ်ကယ်လို့သာ Factory Fault ဆိုရင်တော့ OnePlus ဘက်ကနေ အလုံးလိုက်ပြန်လဲပေးရကိန်းရှိနေပါပြီ။ လတ်တလောနာမည်ရနေတဲ့ သူ့ ဂုဏ်သတင်းကို မှေးမှိန်မသွားစေချင်ရင်ပေါ့။

ပြည်တွင်း အသုံးပြုသူတွေလဲ OnePlus 6T မှာ ဘက်ထရီ အကုန်မြန်တဲ့ ပြဿနာ ကြုံနေရလား၊ ပုံမှန်ပဲလားဆိုတာ ပြောပြသွားပါဦး။

Ref: Gizmo China