Zawgyi
အားလံုးေစာင့္ေမွ်ာ္ေနတဲ့ OnePlus 7 Series ကေတာ့ ထြက္ေပၚလို႔လာခဲ့ပါျပီ။ မထင္မွတ္ထားတာ တစ္ခုကေတာ့ OnePlus က သူ ေျခာက္လ တစ္ခါထုတ္ေနက်အတိုင္း Flashship အဆင့္ ဖုန္းတစ္လံုးပဲ မဟုတ္ေတာ့ပဲ OnePlus 7 Pro လို႔ေခၚတဲ့ Premium အဆင့္ ဖုန္းတစ္လံုးကိုပါ တြဲထုတ္ခဲ့တာပါ။ OnePlus 7 Pro အေၾကာင္းကေတာ့ ကြ်န္ေတာ္တို႔ေျပာျပခဲ့ျပီးပါျပီ။ 90Hz Refreshing Rate ရွိတဲ့ Edge to Edge Display, Triple Camera Set up နဲ႔ Pop Up Selfie Camera ေတြကေတာ့ OnePlus 7 Pro ရဲ႕အားသာခ်က္ေတြပါပဲ။ သာမာန္ Flagship Killer လို႔ေခၚတဲ့ စြမ္းေဆာင္ရည္ပိုင္းေကာင္းမြန္တဲ့ ဖုန္းတစ္လံုးအျဖစ္ကေန ကင္မရာစြမ္းေဆာင္ရည္ပိုင္းမွာ DXO Mark 111 ရတဲ့အထိ အစစ အရာရာ ေကာင္းမြန္လာခဲ့ပါျပီ။ ဒါေပမယ့္ အေပၚမွာေျပာထားတဲ့ Premium Feature ေတြမပါတဲ့ OnePlus 7 ဟာလည္း 2019 ရဲ႕ ေမ့ထားလို႔မရတဲ့ ဖုန္းတစ္လံုးပါပဲ။

OnePlus 7 ဟာ OnePlus 7 Pro လို Premium Feature ေတြမပါေပမယ့္ စြမ္းေဆာင္ရည္ပိုင္းမွာ OnePlus 7 Pro နဲ႔ ထပ္တူက်ပါတယ္။ Qualcomm ရဲ႕ ေနာက္ဆံုးထြက္ Flagship Mobile SoC ျဖစ္တဲ့ Snapdragon 855 ကိုသံုးထားတယ္။ Oxygen OS 9.5 ကိုအသံုးျပဳထားျပီး OnePlus 7 Pro မွာလိုပဲ ZEN MODE နဲ႔ SMART BOOST လို ေဆာ့ဖ္ဝဲ လုပ္္ေဆာင္ခ်က္ေတြ အကုန္ရရွိမွာပါ။ 6GB RAM နဲ႔ 8GB RAM ဆိုျပီး ကိုယ္ၾကိဳက္တဲ့ RAM ပမာဏနဲ႔ ေရြးခ်ယ္ဝယ္ယူနိုင္ပါတယ္။

In-Display Fingerprint ပါတာ၊ DOLBY ATMOS Stereo Speakers ေတြ နဲ႔ 48MP Main Camera ေတြပါတာကလည္း အတူတူပါပဲ။ ကင္မရာပိုင္းမွာ Main Camera နဲ႔ရိုက္ရင္ ရလဒ္ေတြက တူေနနိုင္ပါတယ္။ ONEPLUS 7 PRO ထက္ ကင္မရာပိုင္းအားနည္းေနတာကေတာ့ ULTRA WIDE ANGLE နဲ႔ TELEPHOTO LENS ေတြမပါဝင္တာေၾကာင့္ပါပဲ။ အားမရတဲ့ အခ်က္ကေတာ့ ONEPLUS 7 ရဲ႕ SECONDARY CAMERA ကို TELEPHOTO LENS မဟုတ္ပဲ အရင္ ONEPLUS ဖုန္းေတြမွာလို DEPTH SENSOR ပဲထည့္ေပးထားတဲ့ အခ်က္ပါ။ အားသြင္းစနစ္ပိုင္းမွာေတာ့ အရင္ DASH CHARGE ထက္ အမ်ားၾကီး အားသြင္းျမန္တဲ့ WARP CHARGE 30 အားသြင္းစနစ္ပါတာေၾကာင့္ ONEPLUS 7 PRO နဲ႔ အတူတူပါပဲ။

နိဂံုးခ်ဳပ္ေျပာရရင္ ONEPLUS 7 ဟာ စြမ္းေဆာင္ရည္ပိုင္းမွာ ONEPLUS 7 PRO နဲ႔ တစ္ထပ္တည္းပါပဲ။ 90HZ ရွိတဲ့ EDGE TO EGDE DISPLAY မလိုတဲ့သူေတြ၊ ကင္မရာပိုင္းကို အရမ္းၾကီးမၾကည့္ပဲ ေစ်းသက္သက္သာသာနဲ႔ FLAGSHIP ဖုန္းတစ္လံုးလိုခ်င္တဲ့သူေတြအတြက္ကေတာ့ ONEPLUS 7 က ကြက္တိပါပဲ။

Unicode

OnePlus 7 Pro နဲ့ စွမ်းဆောင်ရည်တူနေတဲ့ OnePlus 7

အားလုံးစောင့်မျှော်နေတဲ့ OnePlus 7 Series ကတော့ ထွက်ပေါ်လို့လာခဲ့ပါပြီ။ မထင်မှတ်ထားတာ တစ်ခုကတော့ OnePlus က သူ ခြောက်လ တစ်ခါထုတ်နေကျအတိုင်း Flashship အဆင့် ဖုန်းတစ်လုံးပဲ မဟုတ်တော့ပဲ OnePlus 7 Pro လို့ခေါ်တဲ့ Premium အဆင့် ဖုန်းတစ်လုံးကိုပါ တွဲထုတ်ခဲ့တာပါ။ OnePlus 7 Pro အကြောင်းကတော့ ကျွန်တော်တို့ပြောပြခဲ့ပြီးပါပြီ။ 90Hz Refreshing Rate ရှိတဲ့ Edge to Edge Display, Triple Camera Set up နဲ့ Pop Up Selfie Camera တွေကတော့ OnePlus 7 Pro ရဲ့အားသာချက်တွေပါပဲ။ သာမာန် Flagship Killer လို့ခေါ်တဲ့ စွမ်းဆောင်ရည်ပိုင်းကောင်းမွန်တဲ့ ဖုန်းတစ်လုံးအဖြစ်ကနေ ကင်မရာစွမ်းဆောင်ရည်ပိုင်းမှာ DXO Mark 111 ရတဲ့အထိ အစစ အရာရာ ကောင်းမွန်လာခဲ့ပါပြီ။ ဒါပေမယ့် အပေါ်မှာပြောထားတဲ့ Premium Feature တွေမပါတဲ့ OnePlus 7 ဟာလည်း 2019 ရဲ့ မေ့ထားလို့မရတဲ့ ဖုန်းတစ်လုံးပါပဲ။

OnePlus 7 ဟာ OnePlus 7 Pro လို Premium Feature တွေမပါပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ OnePlus 7 Pro နဲ့ ထပ်တူကျပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထွက် Flagship Mobile SoC ဖြစ်တဲ့ Snapdragon 855 ကိုသုံးထားတယ်။ Oxygen OS 9.5 ကိုအသုံးပြုထားပြီး OnePlus 7 Pro မှာလိုပဲ Zen Mode နဲ့ Smart Boost လို ဆော့ဖ်ဝဲ လုပ််ဆောင်ချက်တွေ အကုန်ရရှိမှာပါ။ 6GB RAM နဲ့ 8GB RAM ဆိုပြီး ကိုယ်ကြိုက်တဲ့ RAM ပမာဏနဲ့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

In-Display Fingerprint ပါတာ၊ DOLBY ATMOS Stereo Speakers တွေ နဲ့ 48MP Main Camera တွေပါတာကလည်း အတူတူပါပဲ။ ကင်မရာပိုင်းမှာ Main Camera နဲ့ရိုက်ရင် ရလဒ်တွေက တူနေနိုင်ပါတယ်။ ONEPLUS 7 PRO ထက် ကင်မရာပိုင်းအားနည်းနေတာကတော့ ULTRA WIDE ANGLE နဲ့ TELEPHOTO LENS တွေမပါဝင်တာကြောင့်ပါပဲ။ အားမရတဲ့ အချက်ကတော့ ONEPLUS 7 ရဲ့ SECONDARY CAMERA ကို TELEPHOTO LENS မဟုတ်ပဲ အရင် ONEPLUS ဖုန်းတွေမှာလို DEPTH SENSOR ပဲထည့်ပေးထားတဲ့ အချက်ပါ။ အားသွင်းစနစ်ပိုင်းမှာတော့ အရင် DASH CHARGE ထက် အများကြီး အားသွင်းမြန်တဲ့ WARP CHARGE 30 အားသွင်းစနစ်ပါတာကြောင့် ONEPLUS 7 PRO နဲ့ အတူတူပါပဲ။

နိဂုံးချုပ်ပြောရရင် ONEPLUS 7 ဟာ စွမ်းဆောင်ရည်ပိုင်းမှာ ONEPLUS 7 PRO နဲ့ တစ်ထပ်တည်းပါပဲ။ 90HZ ရှိတဲ့ EDGE TO EGDE DISPLAY မလိုတဲ့သူတွေ၊ ကင်မရာပိုင်းကို အရမ်းကြီးမကြည့်ပဲ ဈေးသက်သက်သာသာနဲ့ FLAGSHIP ဖုန်းတစ်လုံးလိုချင်တဲ့သူတွေအတွက်ကတော့ ONEPLUS 7 က ကွက်တိပါပဲ။