Zawgyi

OnePlus ရဲ႕ Never Settle ဆိုတဲ့ ေဆာင္ပုဒ္က ကုမၸဏီကို တစ္ခ်ိန္လုံး ေျခာက္လွန႔္ေနခဲ့ပါတယ္။ OnePlus 1 စထုတ္ကတည္းက OnePlus ဟာ ဘယ္ေတာ့မွ ရပ္တန႔္ေနမွာ မဟုတ္ဘူးဆိုတဲ့ ေဆာင္ပုဒ္နဲ႕အတူ အမ်ားနဲ႕ မတူတဲ့ အေျပာင္းအလဲေတြကို ယူေဆာင္လာမယ့္ စမတ္ဖုန္း ကုမၸဏီအျဖစ္ရပ္တည္လာခဲ့တာပါ။ ဒါေပမယ့္လည္း တစ္ျခား Flagship အဆင့္ ဖုန္းေတြထက္ ေစ်းသက္သာၿပီး Android ဖုန္းေတြထဲမွာ သုံးလို႔ အေကာင္းဆုံး Oxygen OS နဲ႕အတူ Alert Slider ေလး ပါဝင္တာကလြဲလို႔ တစ္ျခား နည္းပညာ အသစ္အဆန္းေတြေတာ့ ထည့္သြင္း မေပးနိုင္ခဲ့ပါဘူး။ သူ႕ရဲ႕ေနာက္ထုတ္မယ့္ OnePlus 7 မွာ လည္း ႀကိဳးမဲ့ အားသြင္းစနစ္ ပါဝင္မွာ မဟုတ္ဘူးလို႔ သတင္းရင္းျမစ္တစ္ခ်ိဳ႕က ေထာက္ျပေနၾကပါၿပီ။

အဆိုပါ သတင္းဟာ CNET ဝဘ္ဆိုက္နဲ႕ OnePlus CEO တို႔ရဲ႕ MWC ပြဲအတြင္း အင္တာဗ်ဴးတစ္ခုကေန ထြက္ေပၚလာတာပါ။ OnePlus ကေန လြန္ခဲ့တဲ့ ႏွစ္အတြင္းက သူ႕ရဲ႕ ဖိုရမ္ေပၚမွာ ႀကိဳးမဲ့ အားသြင္းစနစ္အေၾကာင္းေဆြးေႏြးခဲ့ၿပီး OnePlus ဘက္ကေန ႀကိဳးမဲ့ အားသြင္းစနစ္ဟာ မရွိမျဖစ္လိုအပ္ခ်က္ မဟုတ္ေၾကာင္းနဲ႕ OnePlus ရဲ႕ ကိုယ္ပိုင္ Dash Charge (လက္ရွိ အေခၚအေဝၚ- Warp Charge) ဟာ ႀကိဳးမဲ့ အားသြင္းစနစ္ေတြရဲ႕ အားသြင္းႏႈန္းထက္ အဆေပါင္းမ်ားစြာ ျမန္ဆန္ေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

OnePlus 7 မွာ ႀကိဳးမဲ့ အားသြင္းစနစ္ ပါဝင္လာမွာ မဟုတ္ဘူးဆိုတဲ့ သတင္းသာ မွန္ခဲ့ရင္ “ဘယ္ေတာ့မွ ရပ္တန႔္မေနဘူး” ဆိုတဲ့ ေဆာင္ပုဒ္ကို ကိုင္ဆြဲထားတဲ့ OnePlus အေနနဲ႕ေတာ့ လက္ရွိ Warp Charge နဲ႕သာ ရပ္တန႔္ေနမယ့္ ပုံပါပဲ။ OnePlus ဟာ သူ႕ရဲ႕ ပထမဆုံးထုတ္ဖုန္းေတြမွာ ကတည္းက NFC ထည့္ေပးဖို႔ကို လက္တြန႔္ေနခဲ့တာျဖစ္ၿပီး မလိုရင္ မထည့္ေပးဘူးဆိုတဲ့ အေၾကာင္းျပခ်က္ကိုသာ ကိုင္ဆြဲထားခဲ့ပါတယ္။

OnePlus 5 နဲ႕ 5T ရဲ႕ သတၱဳကိုယ္ထည္ကေန OnePlus 6 ကစလို႔ မွန္သားကိုယ္ထည္ေတြသုံးလာခဲ့ေပမယ့္ ႀကိဳးမဲ့ အားသြင္းစနစ္ကေတာ့ မပါဝင္လာျပန္ပါဘူး။ OnePlus 6T မွာလည္း 3.5mm နားက်ပ္ေပါက္ကို ျဖဳတ္ခဲ့ၿပီး ဘက္ထရီပမာဏ တိုးလာဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္ကိုသာ ေပးခဲ့ပါတယ္။ ၿပိဳင္ဘက္ တ႐ုတ္ ကုမၸဏီျဖစ္တဲ့ Xiaomi ကေတာ့ သူ႕ရဲ႕ 2019 Flagship ျဖစ္တဲ့ Mi 9 မွာ လက္ရွိ အျမန္ဆုံး ႀကိဳးမဲ့ အားသြင္းစနစ္ ထည့္သြင္းေပးလာနိုင္ပါၿပီ။ အဲ့လိုအခ်ိန္မွာ ႀကိဳးမဲ့ အားသြင္းစနစ္ေတာင္ ပါလာမွာ မဟုတ္တဲ့ OnePlus 7 အတြက္ေတာ့ ရင္ေလးစရာပါပဲ။ ဒါေပမယ့္လည္း Alert Slider, Oxygen OS နဲ႕ Warp Charge လို သူမတူတဲ့ လုပ္ေဆာင္ခ်က္ေလးေတြကေတာ့ OnePlus ပရိတ္သတ္ေတြကို စြဲေဆာင္ေနဦးမွာပါပဲ။

Ref: XDA News

Unicode

OnePlus 7 မှာ ကြိုးမဲ့ အားသွင်း စနစ်မပါနိုင်သေး

OnePlus ရဲ့ Never Settle ဆိုတဲ့ ဆောင်ပုဒ်က ကုမ္ပဏီကို တစ်ချိန်လုံး ခြောက်လှန့်နေခဲ့ပါတယ်။ OnePlus 1 စထုတ်ကတည်းက OnePlus ဟာ ဘယ်တော့မှ ရပ်တန့်နေမှာ မဟုတ်ဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ အများနဲ့ မတူတဲ့ အပြောင်းအလဲတွေကို ယူဆောင်လာမယ့် စမတ်ဖုန်း ကုမ္ပဏီအဖြစ်ရပ်တည်လာခဲ့တာပါ။ ဒါပေမယ့်လည်း တစ်ခြား Flagship အဆင့် ဖုန်းတွေထက် စျေးသက်သာပြီး Android ဖုန်းတွေထဲမှာ သုံးလို့ အကောင်းဆုံး Oxygen OS နဲ့အတူ Alert Slider လေး ပါဝင်တာကလွဲလို့ တစ်ခြား နည်းပညာ အသစ်အဆန်းတွေတော့ ထည့်သွင်း မပေးနိုင်ခဲ့ပါဘူး။ သူ့ရဲ့နောက်ထုတ်မယ့် OnePlus 7 မှာ လည်း ကြိုးမဲ့ အားသွင်းစနစ် ပါဝင်မှာ မဟုတ်ဘူးလို့ သတင်းရင်းမြစ်တစ်ချို့က ထောက်ပြနေကြပါပြီ။

အဆိုပါ သတင်းဟာ CNET ဝဘ်ဆိုက်နဲ့ OnePlus CEO တို့ရဲ့ MWC ပွဲအတွင်း အင်တာဗျူးတစ်ခုကနေ ထွက်ပေါ်လာတာပါ။ OnePlus ကနေ လွန်ခဲ့တဲ့ နှစ်အတွင်းက သူ့ရဲ့ ဖိုရမ်ပေါ်မှာ ကြိုးမဲ့ အားသွင်းစနစ်အကြောင်းဆွေးနွေးခဲ့ပြီး OnePlus ဘက်ကနေ ကြိုးမဲ့ အားသွင်းစနစ်ဟာ မရှိမဖြစ်လိုအပ်ချက် မဟုတ်ကြောင်းနဲ့ OnePlus ရဲ့ ကိုယ်ပိုင် Dash Charge (လက်ရှိ အခေါ်အဝေါ်- Warp Charge) ဟာ ကြိုးမဲ့ အားသွင်းစနစ်တွေရဲ့ အားသွင်းနှုန်းထက် အဆပေါင်းများစွာ မြန်ဆန်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

OnePlus 7 မှာ ကြိုးမဲ့ အားသွင်းစနစ် ပါဝင်လာမှာ မဟုတ်ဘူးဆိုတဲ့ သတင်းသာ မှန်ခဲ့ရင် “ဘယ်တော့မှ ရပ်တန့်မနေဘူး” ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲထားတဲ့ OnePlus အနေနဲ့တော့ လက်ရှိ Warp Charge နဲ့သာ ရပ်တန့်နေမယ့် ပုံပါပဲ။ OnePlus ဟာ သူ့ရဲ့ ပထမဆုံးထုတ်ဖုန်းတွေမှာ ကတည်းက NFC ထည့်ပေးဖို့ကို လက်တွန့်နေခဲ့တာဖြစ်ပြီး မလိုရင် မထည့်ပေးဘူးဆိုတဲ့ အကြောင်းပြချက်ကိုသာ ကိုင်ဆွဲထားခဲ့ပါတယ်။

OnePlus 5 နဲ့ 5T ရဲ့ သတ္တုကိုယ်ထည်ကနေ OnePlus 6 ကစလို့ မှန်သားကိုယ်ထည်တွေသုံးလာခဲ့ပေမယ့် ကြိုးမဲ့ အားသွင်းစနစ်ကတော့ မပါဝင်လာပြန်ပါဘူး။ OnePlus 6T မှာလည်း 3.5mm နားကျပ်ပေါက်ကို ဖြုတ်ခဲ့ပြီး ဘက်ထရီပမာဏ တိုးလာဖို့ဆိုတဲ့ အကြောင်းပြချက်ကိုသာ ပေးခဲ့ပါတယ်။ ပြိုင်ဘက် တရုတ် ကုမ္ပဏီဖြစ်တဲ့ Xiaomi ကတော့ သူ့ရဲ့ 2019 Flagship ဖြစ်တဲ့ Mi 9 မှာ လက်ရှိ အမြန်ဆုံး ကြိုးမဲ့ အားသွင်းစနစ် ထည့်သွင်းပေးလာနိုင်ပါပြီ။ အဲ့လိုအချိန်မှာ ကြိုးမဲ့ အားသွင်းစနစ်တောင် ပါလာမှာ မဟုတ်တဲ့ OnePlus 7 အတွက်တော့ ရင်လေးစရာပါပဲ။ ဒါပေမယ့်လည်း Alert Slider, Oxygen OS နဲ့ Warp Charge လို သူမတူတဲ့ လုပ်ဆောင်ချက်လေးတွေကတော့ OnePlus ပရိတ်သတ်တွေကို စွဲဆောင်နေဦးမှာပါပဲ။

Ref: XDA News