OnePlus ဟာ ဧပြီလက Nord Buds TWS နားကြပ်ကို ကြေညာခဲ့ပြီး ဩဂုတ်လ ၁ ရက်နေ့မှာ CE Version ကို ချပြတော့မှာ ဖြစ်ပါတယ်။ OnePlus 10T စမတ်ဖုန်း မကြေညာခင် ၂ ရက်အလိုမှာ နားကြပ်အသစ်ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

OnePlus က Nord Buds CE ကို ဩဂုတ်လ ၁ ရက်နေ့မှာ ကြေညာမယ်လို့ တွစ်တာကနေ အသိပေးလိုက်တာ ဖြစ်ပြီး နားကြပ်ရဲ့ Specs တွေကို အရိပ်အမြွက်တောင် မပြောသေးပါဘူး။ ဒါပေမယ့် OnePlus ရဲ့ အိန္ဒိယ ဝက်ဘ်ဆိုက်မှာ မျှဝေထားတဲ့ ဓါတ်ပုံတွေအရ Nord Buds CE မှာ Fast Charging ပါလာမှာ ဖြစ်ပြီး Nord Buds မှာ ပါလာတဲ့ ဆီလီကွန် ထိပ်ဖူး ပါလာမှာ မဟုတ်ပါဘူး။

OnePlus Nord Buds CE TWS earphones coming on August 1

OnePlus က Nord Buds CE ကို အိန္ဒိယမှာ ၂x၉၉ ရူပီးနဲ့ ရောင်းချမယ်လို့ အရိပ်အမြွက် သတင်းပေးထားပြီး မြန်မာငွေ ၄၀,၀၀၀ ကျော်မှာပါ။ Nord Buds ကို လက်ရှိ အိန္ဒိယမှာ ၂,၅၉၉ ရူပီးနဲ့ ရောင်းချထားပြီး မြန်မာငွေ ၆၀,၀၀၀ ဝန်းကျင် တန်ကြေးရှိပါတယ်။ CE Version ရဲ့ ဈေးနှုန်းက အဲဒီထက် နည်းနိုင်ပါတယ်။

OnePlus က ဩဂုတ်လ ၁ ရက်နေ့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ Nord Buds CE ရဲ့ သတင်းအချက်အလက်တွေကို ပိုမို မျှဝေမယ်လို့ ပြောထားတဲ့အတွက် လာမယ့် ရက်တွေအတွင်း နားကြပ်ရဲ့ အကြောင်းကို ပိုမို သိလာရမှာပါ။

စမတ်ဖုန်း ကုမ္ပဏီများစွာဟာ ကြိုးမဲ့ နားကြပ်တွေကို အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချနေကြပြီး OnePlus ကလည်း အဲဒီ နယ်ပယ်ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။

Ref : gsmarena