OnlyFans ပလက်ဖောင်းရဲ့ ပိုင်ရှင်ဟောင်း လီယိုနစ် ရက်ဒ်ဗင်စကီးဟာ အသက် ၄၃ နှစ်အရွယ် ကင်ဆာရောဂါနဲ့ မကွယ်လွန်ခင်လေးမှာတင် အမြတ်ဝေစု ဒေါ်လာ သန်း ၇၀၀ ကျော်ကို ရရှိသွားခဲ့ပါတယ်။

အံ့အားသင့်စရာကောင်းတာက OnlyFans ရဲ့ မိခင်ကုမ္ပဏီ Fenix International မှာ ဝန်ထမ်း ၄၇ ဦးတည်းသာ ရှိပေမယ့် ပြီးခဲ့တဲ့နှစ်မှာ အခွန်မဆောင်ခင် အမြတ်ငွေ ဒေါ်လာ ၇၁၄ သန်းအထိ ရရှိခဲ့ပြီး အဲဒီပမာဏဟာ ၂၀၂၄ ခုနှစ်ကထက် ၅ ရာခိုင်နှုန်း ပိုတိုးလာတာပဲ ဖြစ်ပါတယ်။

What is OnlyFans? What parents need to know | Internet Matters

 

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့မှာ ရက်ဒ်ဗင်စကီး ကွယ်လွန်သွားခဲ့ပြီးနောက် လက်ရှိမှာတော့ ကုမ္ပဏီကို သူ့ရဲ့ ဇနီးသည် ယီကာတရီနာ ကေတီ ချပ်ဒ်နော့ဗ်စကီးက ဆက်ခံပိုင်ဆိုင်ထားပါတယ်။

ဖန်တီးရှင်တွေဆီကနေ ဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ဖြတ်ယူတဲ့ အဲဒီပလက်ဖောင်းဟာ ကိုဗစ်ကပ်ရောဂါကာလမှာ အရှိန်အဟုန်နဲ့ နာမည်ကြီးလာခဲ့ပြီး ၂၀၂၅ ခုနှစ်မှာတော့ လစဉ်ကြေးပေးသွင်းသူ ၁၃၂ သန်းနဲ့ ဖန်တီးရှင် ၂ ဒသမ ၅ သန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။

60% of OnlyFans creators' revenue comes from single purchases, not subscriptions. Can SFW platforms learn from it? - Tubefilter

ဒီလို အောင်မြင်မှုတွေ ကြီးမားလာတာနဲ့အမျှ ကလေးသူငယ်တွေ အပြာဗီဒီယိုတွေ ဝင်ရောက်ကြည့်ရှုနေတဲ့ ပြဿနာတွေအပါအဝင် စည်းမျဉ်းပိုင်းဆိုင်ရာ စောင့်ကြည့်မှုတွေနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရပြီး ဗြိတိန် စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ဒဏ်ငွေ ပေါင် ၁ သန်း တပ်ရိုက်တာကိုလည်း ခံခဲ့ရပါတယ်။

ဒါပေမယ့် OnlyFans ရဲ့ အမှုဆောင်အရာရှိချုပ် ကီလီ ဘလဲယားကတော့ သူတို့အနေနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဖန်တီးရှင်တွေကို ဒေါ်လာ ၃၀ ဘီလီယံကျော် ပေးချေခဲ့သလို ယူကေအစိုးရကိုလည်း ကော်ပိုရိတ်အခွန်ငွေ ပေါင် သန်း ၆၀၀ ကျော် ပေးဆောင်ခဲ့တယ်လို့ တုံ့ပြန်ချေပထားပါတယ်။

Ref: bbc