OpenAI က Google Search ကို ယှဉ်ပြိုင်မယ့် SearchGPT ကို ကြေညာလိုက်ပါတယ်။ GPT-4 Model မောင်းနှင်ထားတဲ့ AI Search Engine ဖြစ်ပြီး Web မှ သတင်းအချက်အလက်တွေကို ရှာဖွေပေးနိုင်ပါတယ်။ အဲဒီ ဝန်ဆောင်မှုကို လက်ရှိမှာ နမူနာ အနေနဲ့ လူ ၁၀,၀၀၀ ကိုပဲ စမ်းသပ် အသုံးပြုခွင့်ပေးထားပါတယ်။ SearchGPT ကို သုံးချင်ရင် အောက်ပါ လင့်မှာ စာရင်းပေးသွင်းထားနိုင်ပါတယ်။

https://chatgpt.com/search

SearchGPT မှာ စာရိုက်ထည့်ရတာ ChatGPT နဲ့ တူညီပါတယ်။ ရှာချင်တာကို ရိုက်ထည့်လိုက်တာနဲ့ SearchGPT က သက်ဆိုင်တဲ့ အဖြေတွေကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ အကျဉ်းချုပ်ထားတဲ့ သတင်းအချက်အလက်တွေကို ပြသထားပြီး Follow-up Question တွေကိုလည်း မေးမြန်းနိုင်ပါတယ်။

SearchGPT က Images, Videos နဲ့ Graphs တွေကိုပါ ပြသပေးနိုင်ပါတယ်။ သင်ရှာဖွေထားတာနဲ့ သက်ဆိုင်တဲ့ တခြား သတင်းအချက်အလက်တွေကိုလည်း ရှာဖွေနိုင်ပါတယ်။

OpenAI က The Wall Street Journal နဲ့ The Associated Press လို သတင်းဌာနတွေ အပါအဝင် ဒေတာဘေ့စ်ကို တည်ဆောက်ဖို့ Third-party Partner တွေနဲ့ ပူးပေါင်းအလုပ်လုပ်နေပါတယ်။ OpenAI က ChatGPT မှာ SearchGPT ကို ထည့်သွင်းပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

Ref : gsmarena