OpenAI က GPT-4o mini ကို ကြေညာလိုက်ပါတယ်။ ကျစ်လစ်ပေမယ့် စွမ်းရည်မြင့်တဲ့ AI မော်ဒယ် ဖြစ်ပြီး GPT-4 အင်ဂျင်ကို ဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။

OpenAI introduces GPT-4o mini as a cost-effective AI solution

Input Token ၁ သန်းကို ၁၅ ဆင့်နဲ့ Output Token ၁ သန်းကို ၆၀ ဆင့် သတ်မှတ်ထားပြီး GPT-3.5 Turbo ထက် အများကြီး ဈေးသက်သာပါတယ်။

OpenAI introduces GPT-4o mini as a cost-effective AI solution

OpenAI က 4o mini ဟာ Gemini Flash , Claude Haiku နဲ့ GPT-3.5 Turbo တို့လို တခြား မော်ဒယ်တွေထက် စွမ်းရည် ပိုမြင့်မားတယ်လို့ ပြောပါတယ်။ Benchmark မှာ အဲဒီ မော်ဒယ် အားလုံးထက် သာလွန်နေပြီး GPT-4o နီးပါးကောင်းတဲ့ ရလာဒ်တွေ ထုတ်ပေးနိုင်ပါတယ်။

4o mini ဟာ သင်္ချာ၊ Coding အပိုင်းတွေမှာ တခြား အရွယ်သေး မော်ဒယ်တွေထက် ပိုကောင်းတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဲဒီ အင်ဂျင်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ သတင်းအချက်အလက်တွေ ထည့်သွင်းထားပါတယ်။ Image, Video နဲ့ Audio ထောက်ပံ့မှုတွေကို အနာဂတ်မှာ ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena